လူတိုင်းနဲ့နီးစပ်တဲ့ ရိုးရာပန်းချီ
ဘာကြောင့် လူတိုင်းနဲ့ နီးစပ်တဲ့ ရိုးရာပန်းချီလို့ ပြောရတာလည်းဆိုရင်
“ရိုးရာ ပန်းချီဟာ သာမန် ပြည်သူတို့ရဲ့ အသိုင်းအ၀န်းကနေ ထွက်ပေါ်လာပြီး လူတိုင်းအတွက် ဖန်တီးမှုအနုပညာ ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ် ။”
(A traditional art is a creative expression of a society.)
“စင်စစ် ရိုးရာဟု ဆိုရာ၌ ပန်းချီ၊ ပန်းပု၊ ဗိသုကာ တို့ကို ပူးတွဲတွေ့မြင်တတ်ဖို့လည်း လိုပါသည်။
ရှေးရှေးအခါက ဆိုလျှင် ဤအတတ်သုံးမျိုးစလုံးကို ရိုးရာသမားတိုင်းက တတ်ကျွမ်းလေ့ရှိသည်။” လို့လည်း ဆရာကြီး ဗဂျီအောင်စိုးက “ ရိုးရာမှသည် ခေတ်သစ်သို့ “စာအုပ်မှာ ရေးသားဖော်ပြခဲ့ဖူးပါတယ်။
ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့ ယဉ်ကျေးမှုတွေဟာ တဖြည်းဖြည်း ပျောက်ကွယ် တိမ်ကောစ ပြုလာ ကြတာကို ကျွန်တော်တို့အားလုံး သတိထားမိကြမယ်ထင်ပါတယ် ။
ဘုရားစောင်းတန်းတွေ၊ ပွဲစျေးတွေ မှာ တွေ့ရလေ့ရှိတဲ့ အိုးပုတ်/ချိုးရုပ်/ ဖိုး၀ရုပ်/မြင်းရုပ်/ဇီးကွက်ရုပ်ကလေးတွေ ၊
ပွဲခင်း ဆိုင်ခန်းတွေမှာ ခင်းကျင်း ထားတဲ့ အိုး/ ခွက်/ ဖလား /ကွမ်းညှပ် /ဆွမ်းအုပ်တို့ပေါ်မှာ ပန်းခက် ပန်းနွယ် အစက်အပြောက်တို့နဲ့ လှလှပပ ပုံဖော်ထားကြတာတွေကို တွေ့ဖူးကြမှာပါ ။
ဒါတွေဟာ (Folk Art) အရပ်သား အနုပညာရပ်တွေ ပဲဖြစ်ပါတယ်။
ပန်းချီဆရာလှဌေးဟာ မြန်မာ့ယဥ်ကျေးမှု၊ မြန်မာ့စရိုက်ကို ထင်ဟပ်ပေါ်လွင်စေတဲ့ အရပ်သား အနုပညာကို ငယ်စဥ်ဘ၀ကတည်းက စိတ်၀င်စားလေ့လာသင်ယူခဲ့သူ ဖြစ်ပါတယ် ။
ပန်းချီဆရာလှဌေးရဲ့ ‘’အောက်မေ့တမ်းတ ငယ်ဘ၀’’ လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲကို လာမယ့် မတ်လ ၂၈ ရက်နေ့ကနေစပြီး ဧပြီလ ၆ ရက်နေ့ထိ ကလသာ အနုပညာပြခန်းမှာပြသထားမှာဖြစ်ပါတယ် ။
ပျောက်ကွယ်လုနီးပါးဖြစ်တဲ့ ငယ်ဘဝရဲ့ အမှတ်တရ မြန်မာ့ရိုးရာကစားစရာ အရုပ်လေးတွေကို ပန်းချီဆရာက သူကြိုက်တဲ့ ရိုးရာလိုင်းလေးတွေနဲ့ ပေါင်းစပ်ထားတာဟာ အနုပညာချစ်သူတို့အတွက် ခံစားမှုတစ်စုံတရာကို ရရှိစေမယ် လို့ မျှော်လင့်လျက် …….
‘’အောက်မေ့တမ်းတ ငယ်ဘ၀’’ ပန်းချီပြပွဲကို “ ဝင်ကြေးအခမဲ့ “ နဲ့ မည်သူမဆို လာရောက်ကြည့်ရှုနိုင်ပါကြောင်း ထပ်မံသတင်းကောင်းပါးပါရစေ ။
Exhibition Date: 28.03.2022 to 06.04.2022 ( Free Entry )
Gallery Open Time: 10:00 am to 5:00 pm
Address: No.91-93 1st floor(Left), Seikkanthar Street, Lower Block, Kyauktada Township, Yangon.
#ArtExhibition #kalasaartspace #art #galleryyangon #traditionalart #artisthlahtay