နေဝင်ခါနီးဆဲ လိမ္မော်ရောင် နေလုံးကြီးကိုနောက်ခံပြီး
စီးမြောနေတဲ့အရိပ်တွေက
အမေ့လျော့ခံ ဝိဥာဥ်တွေရဲ့
ကမူးရှူးထိုး ယိမ်းထိုးကခုန်နေမှုတွေလား
ခြောက်လှန့်တကြား အတိတ်ကို သက်သေခံရင်း
လေတချက်တိုက်ခတ်သွားတိုင်း
လှုပ်ခတ်သွားတဲ့ ထန်းရွက်အဖျားတွေက
အချင်းချင်းတိုးတိုးတိတ်တိတ် တီးတိုးပြောနေကြလေတယ်………….
The Whispers of Legend
by Artist Aung Kyaw
#kalasaartspace#artspaceinyangon