အမျိုးသမီးပန်းချီဆရာတွေထဲမှာ nude art ကို ပထမဆုံးရေးဆွဲသူတွေထဲကတယောက်ကို ပြောပါဆိုရင် Artist Sandar Khing ကို ညွှန်းဆိုရပါမယ်။
ဆရာမရဲ့ အမျိုးသမီး nude ပန်းချီကားတွေမှာတော့ ပုံမှန်ရေးဆွဲနေကျ၊ မြင်တွေ့နေကျ အမျိုးသမီးတယောက်ရဲ့ ပြေပြစ်ကျော့ရှင်း တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ရေးဆွဲတာမျိူးမဟုတ်ဘဲ ဝဝဖိုင့်ဖိုင့်နဲ့ ပြည့်ပြည့်တင်းတင်းရှိလှတဲ့ အမျိုးသမီးရဲ့ ကောက်ကြောင်းကို အရှိအတိုင်း၊ ပကတိအတိုင်း မြင်တွေ့ခံစားနိုင်ဖို့ ရဲတင်းပွင့်လင်းစွာ ဖော်ပြရေးဆွဲထားတာမျိုး ဖြစ်ပါတယ်။
သာမန်အားဖြင့်ဆိုရင် ကျမတို့ရဲ့ လူမှူပတ်ဝန်းကျင်မှာ ပြည့်ပြည့်ဝဝနဲ့ ခန္ဓာကိုယ်ရှိတဲ့ အမျိုးသမီးတွေကို တွေ့ရင် “ဖက်တီးမ” “ဝတုတ်မ” စသဖြင့် အတိုကောက်အဖျားဆွတ်ကင်ပွန်းတက်ပြီး ခေါ်ကြလေ့ရှိပါတယ်။ ဒါမျိုး အမည်တပ်ခေါ်ကြတာဟာဆိုရင် တဖက်သားအပေါ်မှာ ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီးတော့ body shamig လုပ်ခြင်းတစ်မျိုးပဲ ဖြစ်တယ်။
အမျိုးသမီးတစ်ယောက်ရဲ့ အလှအပ နဲ့ကျက်သရေရှိမှု ကျော့ရှင်းမှုတွေဟာ ပိန်တယ် ဝတယ် ဆိုတဲ့ အသွင်အပြင်တွေနဲ့မဆိုင်ပါဘူး။ အမျိုးသမီးတစ်ယောက်မှာရှိတဲ့ အင်အားနဲ့ မာန်တွေကို Artist Sandar Khaing က လိုက်ဖက်ညီနဲ့ ဆေးရောင်တွေနဲ့ ပြည့်တင်းစွာ၊ ပွင့်လင်းစွာ ရေးခြယ်ထားတာကိုတွေ့ရမှာပါ။
Artist Sandar Khaing ရဲ့ women nude series တွေထဲက the naked truth with camera series ဟာဆိုရင် လူသိများကျော်ကြားလှတဲ့ series တစ်ခုဖြစ်ပါတယ်။ Artist Sandar Khaing ရဲ့ nude art လက်ရာတချို့ ကို ဒီတပတ် ကလသာအနုပညာပြခန်းရဲ့ The Power of Women ဆိုတဲ့ ပန်းချီကားအပြင်အဆင်အနေနဲ့ ချိတ်ဆွဲပြသထားတာမို့ လာရောက်ခံစားကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါတယ်ရှင့်..။
#artistsandarkhaing #nudeart #Kalasaartspace #Artissharing #galleryinmyanmar #myanmarart #myanmarpaintings