The Life of Aung Myint

“ Abstract ရအောင် ထုတ်လိုက်တယ် ဆိုကတည်းက အဲဒါ Abstract မဟုတ်ဘူး “ Artist Aung Myint .

အပြင်က အလှထက် အတွင်းအဇ္ဈတ္တအလှကို ပုံဖော်သူ …….

ပြင်ပအရှိတရားထက် စိတ်အတွင်းဖြစ်ပျက်မှုများကိုသာ နားဆင်ဖန်တီးသူ ……

“ရိုးသားမှုကသာအသက်” ဆိုတဲ့ သူ့ရဲ့ယုံကြည်မှုနဲ့အတူ သူ့အနုပညာကို ရိုးရိုးသားသားနဲ့

အရှိအတိုင်းရဲရဲကြီးချပြရဲသူ ……..

ရိုးဂုဏ်ကိုအခြေခံပြီး ဖန်တီးပုံဖော်ထားတဲ့ အနုပညာလက်ရာများကြောင့် ပြည်တွင်းနှင့် အာရှတခွင်သာမက အနောက်နိုင်ငံများအထိပါ သူ့အနုပညာဟာ ခြေဆန့်နိုင်ခဲ့ပါတယ်။ Artist Aung Myint ကို ၁၉၄၆ ခုနှစ်တွင် ဟင်္သာတမြို့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၆၈ ခုနှစ် စိတ်ပညာဘွဲ့ ရပြီးချိန်မှာတော့ သူ့အမျိုးသမီးရဲ့ဦးလေးဖြစ်သူ ဦးခင်မောင်ရင် ( Artist Khin Maung Yin ) နဲ့ တွေ့ရှိခဲ့ပြီး ပန်းချီရေးဖို့ပိုမိုစိတ်ဝင်စားလာခဲ့ပါတယ်။

ပန်းချီရေးချင်တဲ့အတွက် သင်ကြားပေးဖို့ ခင်မောင်ရင်ကို တောင်းဆိုသော်ငြား KMY က လုံးဝ သင်မပေးခဲ့ပါဘူး ။ “သူသင်ပေးရင် သူ့ရဲ့ လွှမ်းမိုးမှုပါနိုင်တယ်။ ကိုယ့်ဘာသာကိုယ်ရေးပါ” ဆိုတာနဲ့ပဲ Artist Aung Myint ဟာ self taught artist ဖြစ်လာခဲ့ပါတယ်။

ပန်းချီရေးစမှာတော့ Realism , Impressionism , Expressionism , Cubism စသဖြင့် -ism ပေါင်းစုံကို စုံအောင်ရေးဖြစ်ခဲ့သော်ငြားလည်း တော်တော်များများက Artist Aung Myint ကို Abstract Artist အနေနဲ့ ပိုလို့သိကြပါတယ်။

အစောပိုင်းကာလမှာတော့ အမေနဲ့ကလေးငယ် ( Mother & Child ) ပုံပါတဲ့ ပန်းချီကားတွေကို Impressionism ၊ Expressionism ပုံစံအမျိုးမျိုးနဲ့ ဖန်တီးဖြစ်ခဲ့ပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ one line form နဲ့ အားပြုဖန်တီးတဲ့ Mother & Child ပန်းချီကားများကို ရေးဆွဲခဲ့ပါတယ်။

၂၀၀၂ ခုနှစ်မှာတော့ one line form Mother & Child ပန်းချီကားများနဲ့ ASEAN Award ရရှိခဲ့ပြီး ပြည်တွင်းပြည်ပ အနုပညာစုဆောင်းသူများကြားမှာတော့ Artist Aung Myint ကို Mother & Child ပန်းချီကားများနဲ့ ပိုမို လူသိများလာခဲ့ပါတယ်။

Artist Aung Myint ဟာ Mother & Child ပန်းချီကားများအပြင် AbEx ပန်းချီကားများစွာကိုလည်း ဖန်တီးသူပါ။ သူ့ရဲ့ AbEx ပန်းချီကားတော်တော်များများမှာ အရောင်ကို လျှော့သုံးလေ့ရှိပြီး အနက်ရောင်ကို ပိုလို့သုံးတာကို တွေ့ရပါတယ်။

“ အရောင်ကို အနည်းဆုံးသုံးရတာကိုပဲကြိုက်တယ်။ အထူးသဖြင့် ဆန့်ကျင်ဘက် အရောင်တွေကို ပိုပြီးကြိုက်တယ် ၊ ဥပမာ အနီအနက် ၊ အဖြူအနက် ၊ အနီအစိမ်း အစရှိသဖြင့်ပေါ့ “ လို့ သူက ဆိုပါတယ်။

“အနက်ရောင်ကို ဘာကြောင့်အမြဲသုံးရတာလဲ”လို့ မေးဖြစ်ခဲ့ချိန်မှာတော့ “ အနက်က purity အဖြစ်ဆုံး ၊ ကျန်တဲ့အရောင်တွေထက်လည်း ပိုအားရှိတယ်။ တခြားအရောင်အားလုံးကိုလည်း absorb လုပ်နိုင်တယ်။ ဘာအရောင်ပဲ ဖြစ်ဖြစ် အမည်းဆီမှာ ခိုလှုံရတယ်။ ( ‘ခိုလှုံရတဲ့လူသားကြီး’ တင်စားတာပေါ့လေ) သူနဲ့တွေ့ရင် တခြားအရောင်တွေပါပျောက်သွားတယ်။ ဒါကြောင့်အမည်းကိုကြိုက်တာ၊ ပိုလည်း သုံးဖြစ်တာ”လို့ ဆိုပါတယ်။

Medium ကို ဆုပ်ကိုင်မထား၊ ဘယ် -ism ကိုမဆို ကြိုက်နှစ်သက် ဖန်တီးခဲ့သူ ….

လွတ်လပ်တာကို ကြိုက်တယ်။ လွတ်လွတ်လပ်လပ်ဖန်တီးလို့ရတဲ့ ဘယ်အနုပညာကိုမဆို ကျွန်တော် ဖန်တီးချင်ခဲ့တယ် ဆိုပြီး ပန်းချီကားရေးတာအပြင် Installation Art , Performance Art , Collage Art တွေကိုပါ ပြုလုပ်ခဲ့ပါတယ်။

စမှတ်တခုအဖြစ် Zero ကနေစခဲ့သူ Artist တယောက်အနေနဲ့ လျှောက်လိုရာခရီးဟာ Infinity သို့များလား ဖန်တီးသူ၊ မျှဝေသူနဲ့ ခံစားသူအကြား အနုပညာရဲ့ သစ္စာတရား ဆိုသည်ကတော့…….

‘If you try to get an abstract work, it is no longer abstract work of art at all.’’

Aung Myint is the artist

who create inner beauty, not outer beauty,

who tries to reveal reality, not appearance,

‘’Simplicity is soul.’’ With this faint in his heart, he dares depict as it is.

His works of art, being based on simplicity, travel not only around Asia but around the West.

Artist Aung Myint was born in 1946 in Hinthada. In 1968, he got his B.A degree majored in psychology. Then he met with artist Kin Maung Yin, his wife’s uncle and became interested in art and in creation of art more and more.

Though he asked Kin Maung Yin to teach his art, Kin Maung Yin did not. “He said that if he taught me I would have been influenced by him.” And he urged me to study myself. It is in this way that he became a self-taught artist.

In the beginning of making art, he made different isms of art such as realism, impressionism, expressionism, cubism etc. However, he is well-known as an abstract artist more.

In the early period, he made his Mother & Child paintings, based on impressionism and expressionism. But later, after 2000, he relied on one-line form style.

In 2002, he got Asian Award with his one line Mother & Child paintings. Among local collector and international collectors, he is famous for his Mother & Child paintings.

Artist Aung Myint creates the other works of art, based on Abstract Expressionism. In most of his abstract expression works, he uses colors less in his most paintings. He use black more.

“I like using color the least, especially, I prefer contract colors, for example, red and black, white and black, red and green etc,’’ he said.

When I asked him why he always use black, he replied: “Black has purity most. It is stronger than the other colors. It can absorb the other colors. Any color has to take refuge under black. (To say metaphorically, black is the one under who the others have to take refuge.) When the other colors meets him, they all disappear. That’s why I like and use black more.’’

He does not grab any medium tightly. He loves any ism. He creates works of art under any ism. He wants to create anything as freely as he can. Thus, he also became a performance artist. Moreover, he made installation artworks and collage artworks, too.

As a starting point, he, as an artist, began from zero. And is his destiny infinity? Truth between the one who creates and the one who shares and enjoy is ……….

© 2019-2023. All Right Reserved by Kalasa Art Space.