The Arts of Myanmar Traditional Toys

မြန်မာ့ရိုးရာကလေးကစားစရာ အရုပ်အနုပညာ

(The Art of Myanmar Traditional Toys)

ဟိုးရှေးခေတ်တုန်းက မြန်မာ့ကစားစရာ အရုပ်များကို ကလေးသူငယ် များကိုယ်တိုင်သော်လည်းကောင်း၊ လူကြီးမိဘများကသော်လည်း ကောင်း ပြုလုပ်ပေးခဲ့ကြတယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။ အရုပ် ပြုလုပ်ရာမှာ ရွှံ့၊ဝါးနှီး၊သစ်သားစတာတွေနဲ့ ပြုလုပ်ခဲ့ကြပါတယ်။ ကြွယ်ဝချမ်းသာသူများက ငွေဖြင့်လည်း ကောင်း၊ ရွှေဖြင့်လည်းကောင်း သွန်းခတ်ပြုလုပ်ကြမည်လို့ ယူဆရပါတယ်။

ခေတ်ကာလ ကြာညောင်းလာသည်နှင့်အမျှ ကလေးကစားစရာ အရုပ် အနုပညာသည်လည်း တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ ရှေးခေတ်က ပြုလုပ်သုံးစွဲခဲ့သောရွှံ့ရုပ်များသာမက ပေါ့ပါးသော စက္ကူ၊ ထန်းရွက်၊ အုန်းရွက်၊ ပြောင်းရိုး၊ ဝါး၊ ပလတ်စတစ် စတဲ့ပစ္စည်းများနဲ့ ပြုလုပ်တဲ့ အရုပ်များကိုလည်း တွင်ကျယ်စွာ သုံးစွဲခဲ့ကြပါတယ်။

အိုးခွက်ယမင်းရုပ်များမှာ ဟောင်းနွမ်းလာသည်နှင့် အမျှ ကလေးသူငယ်တို့ စိတ်အာရုံကို ဖမ်းစားဆွဲငင်နိုင်မှု နည်းပါးလာတာကြောင့် ခေတ်မီဆန်းသစ်သော အရုပ်မျိုးစုံပါ တီထွင်ထုတ်လုပ်လာခဲ့ကြရာမှ မြန်မာ့ကစားစရာအရုပ်အနုပညာဟာ ကုန်ထုတ်လုပ်မှုလုပ်ငန်းအသွင်သို့ ပြောင်းလဲခဲ့ပါတယ်။

အခုအချိန်မှာတော့ ခေတ်မီတိုးတက်တာနဲ့အမျှ ဆန်းသစ်များပြားလှတဲ့ ကစားစရာပစ္စည်းပေါင်းစုံက ကလေးငယ်တွေရဲ့လက်ထဲမှာ နေရာယူလာကြတဲ့အတွက်် ဟိုးအရင်က ကလေးငယ်တွေရဲ့ ဆော့ကစားစရာဖြစ်တဲ့ မြန်မာ့ရိုးရာကစားနည်းတွေနဲ့အတူ ကစားစရာတွေကလည်း တဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။

Artist Hla Htayက သူကျွမ်းကျင်တဲ့ ရိုးရာလိုင်းတွေနဲ့ မြန်မာ့ရိုးရာ ကလေးကစားစရာ အရုပ်ကလေးတွေကို သူမတူ ထူးခြားတဲ့ ရေးနည်းရေးဟန်နဲ့ ပေါင်းစပ်ပြီး အရောင်တွေစုံအောင် ရေးဖွဲ့ပုံဖော်ထားတဲ့ ပန်းချီကားတွေကိုခံစားကြည့်ရှုရင်း

ငယ်ဘဝကိုပြန်လည်တမ်းတလိုက်ရအောင်။

Artist Hla Htay ရဲ့ ‘’အောက်မေ့တမ်းတ ငယ်ဘ၀’’ အမည်ရ ပန်းချီပြပွဲကို “ 28.3.2023 ရက်နေ့ကနေ 6.4.2023 ရက်နေ့အထိ ကလသာ အနုပညာပြခန်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်လို့ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း ထပ်မံသတင်းကောင်းပါးပါရစေ ။

#ArtistHlaHtay #MyanmarTraditionalToys #ChildhoodMemories #KaLaSaArtSpace #ArtIsSharing

© 2019-2023. All Right Reserved by Kalasa Art Space.