(English Version below)
ကလသာ အနုပညာပြခန်းနဲ့ အိန္ဒိယ ယဥ်ကျေးမှုစင်တာ တို့ ပူးပေါင်းပြီး
Buddha in Myanmar: The Art of Golden Land အမည်ဖြင့် ပန်းချီပြပွဲကြီးကို India Center (India Embassy)တွင် ၇.၇.၂၀၂၃ ရက်နေ့မှ ၁၁.၇.၂၀၂၃ ရက်နေ့အထိ (၅) ရက်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပန်းချီပြပွဲမှာတော့
မတူညီတဲ့ပန်းချီဆရာတွေ ရေးဖွဲ့ထားတဲ့ ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုကို အခြေခံတဲ့ အနုပညာလက်ရာများကို ဂုဏ်ယူစွာ တင်ဆက်ပြသသွားမှာဖြစ်ပါတယ်။ “ Golden Land ” လို့ လူသိများတဲ့ ကျနော်တို့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှု များပြားတဲ့ နိုင်ငံပါ။
မြန်မာနိုင်ငံဟာဆိုရင် ဗုဒ္ဓသာသနိက အဆောက်အဦများနှင့် ရွှေပိန်းချ ဘုရားများ နဲ့စေတီပုထိုးတွေများပြားစွာရှိပါတယ်။ ဒါ့ကြောင့်မို့ ဗုဒ္ဓဘာသာဟာ မြန်မာအနုပညာရှင်တွေအတွက်တော့ “အနုပညာနှလုံးသား ဗဟိုချက် ” ပါပဲ။
Artist တွေ ဟာ ဗုဒ္ဓနဲ့ဆက်နွယ်နေတဲ့ ပန်းချီ၊ ပန်းပု၊ အနုသုခုမ လက်ရာတွေကနေတဆင့် ဗုဒ္ဓဘာသာရဲ့
အယူအဆတွေ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို inspired ယူပြီး ဖန်တီးရေးဆွဲလေ့ရှိပါတယ်။
Artist တွေ တစ်ယောက်ချင်းစီက တစ်မျိုးချင်းစီ
ဖန်တီးရေးဆွဲ ထားတဲ့ နက်ရှိုင်းလှတဲ့ ဗုဒ္ဓဘာသာ၊ ယဥ်ကျေးမှူ ဓလေ့ထုံးတမ်းတွေနဲ့ ဆက်နွယ်နေတဲ့ အနုပညာလက်ရာများမှတစ်ဆင့် ကြည့်ရှူသူတွေရဲ့ ရင်ထဲနှလုံးသားထဲသို့ နက်ရှိုင်းလှတဲ့ ဗုဒ္ဓရဲ့ အတွေးအခေါ် အဆုံးအမတွေ၊ ဘာသာတရားအပေါ် သက်ဝင်ယုံကြည်မှုတွေ၊ အဖိုးမဖြတ်နိုင်တဲ့ ယဥ်ကျေးမှူသမိုင်းတန်ဖိုးတွေကို ရှာဖွေလေ့လာထိန်းသိမ်းနိုင်ကြဖို့ ရည်ရွယ်ပြီး ဂုဏ်ယူစွာနဲ့ တင်ဆက်ပြသပေးလိုက်ပါတယ်။
English Version
In collaboration with the India Embassy and Culture Centre, Kalasa Art Space proudly curated “The Art Of Golden Land: Exploring Buddhist Art in Myanmar Art Show.” This exhibition celebrates Myanmar, known as the “Golden Land,” with its abundance of Buddhist religious buildings and gilded pagodas. For Myanmar artists, Buddhism is a focal point of their artistic expression. They explore Buddhist art through a wide range of mediums, including paintings, sculptures, murals, architecture, and more.
This exhibition showcases a collection of Buddhist artworks that delve into philosophical concepts, cultural traditions, architectural marvels, and the transformative power of Buddhist ideals. Through these artworks, viewers are invited to reflect on their own spiritual journeys and discover resonance in the universal truths presented by Buddhism. The diverse expressions of Buddhism in art will be prominently featured, providing a deeper understanding of human experiences through the lens of these artworks.
The aim of this exhibition is to present Buddhism as a boundless source of inspiration and to explore the rich tapestry of artistic expressions inspired by it.
Visitors are invited to immerse themselves in the deep philosophical concepts of Buddhism and enjoy the diverse artistic interpretations on display.
Thank you so much for your visit and participation.
Mrs. Su Htwe ( Curator & Founder of KALASA Art Space )
#theartofgoldenland #kalasaartspace #artistsharing