#ရွှေဇီးကွက်( Shwe-Zee-Gwak) Golden Owls
မြန်မာ့ရိုးရာ ကစားစရာစက္ကူအရုပ်များကို ကစားစရာ အဖြစ်လည်းကောင်း၊ အောင်မြင်ခြင်း သင်္ကေတအဖြစ် လည်းကောင်း သတ်မှတ်ဝယ်ယူလေ့ရှိပါတယ်။
” ဇီးကွက်နှစ်ကောင် လာဘ်ကိုဆောင်” ဆိုပြီး မြန်မာဆိုရိုးရှိရာ
ဇီးကွက်ရုပ်လေးတွေကို လာဘ်လာဘကောင်းမွန်စေရန်အတွက် “လာဘ်ကောင်” အဖြစ် ဝယ်ယူကာ
နေအိမ်ဧည့်ခန်းမှာချိတ်ဆွဲလေ့ရှိကြပါတယ်။
အများအားဖြင့် ဇီးကွက်အဖို၊အမတစ်စုံကို ဝယ်ယူချိတ်ဆွဲသည့်ဓလေ့ ယနေ့တိုင်ရှိနေပါတယ်။
ဒါလေးကတော့ ဆရာလှဌေးရဲ့ သူရေးနေကျ ရိုးရာလိုင်းလေးတွေနဲ့ ယွန်းပန်းချီရေးနည်းကို inspired ယူပြီး ဖန်တီးရေးဆွဲထားတဲ့ ပန်းချီကားလေးဖြစ်ပါတယ်။
ဆရာလှဌေးရဲ့ “အောက်မေ့ တမ်းတ ငယ်ဘဝ” အမည်ရ တကိုယ်တော်ပြပွဲကို April 6 ရက်နေ့အထိ ပြသသွားမှာဖြစ်တာမို့ ငယ်ဘဝအောက်မေ့စရာ အရုပ်ကလေးတွေကို အရောင်တွေစုံအောင်ဘယ်လိုခြယ်မှုန်းထားသလဲဆိုတာ လာရောက်လေ့လာကြည့်ရှုလှည့်ပါအုံးနော်
#ArtistHlaHtay #ChildhoodMemories #SoloArtExhibition #KaLaSaArtSpace #artissharing