ကချေသည်(Dancer)
လင်ကွင်းတီးသူ (Cymbal Clapper)၊
ဗုံတီးသူ (Drummer)၊
ပုလွေမှုတ်သူ (Flurist)နဲ့
လူရွင်တော် (Clown)
စတဲ့ ပျူကချေသည် ကြေးရုပ်လေး ၅ ရုပ်ကို ၁၉၆၇ ခုနှစ် ဇန်နဝါရီ (၅) ရက်နေ့က သရေခေတ္တရာမြို့ဟောင်း၏ အရှေ့မြောက်ဘက် ဘုရားမာ ဘုရားအနီးက တူးဖော်ရရှိခဲ့တာပါ။
သိပ်မကြာပါဘူး အဲဒီနှစ်ရဲ့ မတ်လ(၁၆) ရက်နေ့မှာ အခိုးခံလိုက်ရကာ ပုပုသေးသေးဖြစ်တဲ့ လူရွယ်တော်အရုပ်ကလေးတစ်ရုပ်သာ သူခိုးလက်ထဲက ပြုတ်ကျကျန်ရစ်ခဲ့ပါတယ်။
သမိုင်းပညာရှင် ဒေါက်တာနိုင်ပန်းလှက ထိုစဥ်က အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော The Working People’s Daily သတင်းစာတွင် ပျူကြေးရုပ်များအကြောင်း ဆောင်းပါးများ မပြတ်ရေးသားခဲ့ရာ ၁၉၈၃ ခုနှစ် နိုဝင်ဘာလမှာ အမေရိကန် လူမျိုး အနုပညာနဲ့ ရှေးဟောင်းပစ္စည်းများစုဆောင်းသူ မစ္စတာဆရာဘတ်အဲလ်ဝါစ် ထံမှ မြန်မာပြည်အတွက် ပြန်လည်အပ်နှံပေးခဲ့ပါတယ်။ ၁၆ နှစ်ကြာမှ ကြေးရုပ် ၅ ရုပ် ပြန်လည်ဆုံစည်းနိုင်တာပါ။
အေဒီ ၈ ရာစု ခန့်က တရုတ်ပြည်ကို ပျူယဥ်ကျေးမှုအဖွဲ့သွားရောက်ဖျော်ဖြေခဲ့တဲ့ မှတ်တမ်းများအရ ပျူတို့ရဲ့ အနုပညာနဲ့ယဥ်ကျေးမှုတန်ဖိုးမြင့်မားပုံကို သိရှိနိုင်ပါတယ်။ ဒါတွေဟာ မြန်မာလူမျိုးတွေအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့အမျိုးသားယဥ်ကျေးမှုအမွေအနှစ်တွေ ဖြစ်ပါတယ်။
Artist Myint Soe Oo ဟာ ဒီပန်းချီကားတွေထဲမှာ ပျူကြေးရုပ်များနဲ့အတူ ပျူခေတ်က အသုံးပြုခဲ့တဲ့ ဒင်္ဂါးများ အသုံးအဆောင်များပေါ်က ပန်းခက်ပန်းနွယ်များကို ထည့်သွင်းရေးဆွဲထားတာကို မြင်တွေ့ရမှာပါ။
အလွန်ရှေးကျပြီး ပျူတို့ရဲ့ အသွင်အပြင် အသုံးအဆောင် ဝတ်စားဆင်ယဥ်မှူ လူနေမှုအဆင့်အတန်းကို သိရှိနိုင်မယ့် လက်ရာမြောက်လှတဲ့ ပျူကြေးရုပ်များကို ပုံဖော် ရေးဆွဲအသက်သွင်းထားတဲ့ ပန်းချီကားတွေကို ပိုင်ဆိုင်ရင်းတန်ဖိုးထားထိန်းသိမ်းလိုသူများအတွက် အကြိုက်ဖြစ်စေမယ့် ပန်းချီကားတွေဖြစ်ပါတယ်။
Artist Myint Soe Oo ရေးဆွဲထားတဲ့ ပြည်တော်ပြန် ပျူကြေးရုပ်ပန်းချီကားများကို ပန်းချီကားတစ်ချပ်လျှင် ဘောင်အပါ ကျပ် ၅ သိန်း (500000 Ks)ဖြင့် ပိုင်ဆိုင်ရင်း မြန်မာ့ယဥ်ကျေးမှူအမွေအနှစ်များကို ဂုဏ်ယူဝံ့ကြွားစွာ ထိန်းသိမ်းနိုင်ကြပါစေရန် တင်ဆက်ပြသပေးလိုက်ပါတယ်။
P.S # အတူတူဖန်တီးထားတဲ့ အရုပ်ကလေးတွေဖြစ်လို့ တကွဲတပြားစီမဟုတ်ဘဲ
အတူတူရှိနေရင်တော့ ပိုကောင်းတာပေါ့နော်
#pyumusicians #myanmarheritage #KaLaSaArtSpace #artisaharing