Aung Ko

Born in the culturally rich town of Shwetaung, Artist Aung Ko is an artist who graduated from the National University of Art and Culture in 2001. Throughout his career, he has focused on creating themed paintings, primarily depicting the old cultural buildings of his hometown as a way to commemorate and appreciate their significance. Artist Aung Ko firmly believes in the adage “old is gold” and places an emphasis on Buddhist cultural themes and buildings.
Artist Aung Ko’s main message to his audience is to value and preserve our old cultural and religious buildings as a means of passing on our cultural heritage to future generations. Since 2015, Artist Aung Ko has been dedicated to his ongoing series titled “OLD IS GOLD,” which gained even more strength, finesse, and boldness in late 2017. His paintings are characterized by vibrant colors, expressive forms, and a signature style that reflects a modernist aesthetic.
Artist Aung Ko believes that the depth of cultural and historical contexts, as well as his personal mythologies, are reflected in his imagery. He has showcased his artwork extensively, both domestically and internationally. Notable exhibitions include Chiang Mai in 2015 and Burma Rising: The First Contemporary Art Show in Boston, USA, in 2017. He has already accomplished four solo exhibitions to date, further establishing his presence in the art world.
Artist Aung Ko ဟာယဉ်ကျေးမှု၊ သမိုင်းတန်ဖိုးတွေ ပေါများတဲ့ ရွှေတောင်မြို့မှာ မွေးဖွားခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့တဲ့ ပန်းချီဆရာ တစ်ဦးဖြစ်ပါတယ်။သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာ ပန်းချီကား​တွေဖန်တီးဖို့သာ အာရုံစိုက်ခဲ့ပြီး ဇာတိမြို့ရဲ့ ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အအုံတွေကို အဓိက သရုပ်ဖော်ရေးဆွဲလေ့ရှိပါတယ်။
သူ့ရဲ့အနုပညာသက်တမ်းတလျှောက်မှာပန်းချီ series များစွာကိုရေးဖွဲ့ခဲ့​ပါတယ်။”ဟောင်းလေ တန်ဖိုးရှိလေ” ဆိုတဲ့ ဆိုရိုးအတိုင်း အဖိုးတန်လှတဲ့ မြန်မာပြည်ရဲ့ ဗုဒ္ဓဘာသာ အနုပညာယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အဆောက်အအုံများကို ရေးဆွဲထားတဲ့ “Old is Gold” ဆိုတဲ့ စီးရီးဟာ သူ့ရဲ့ထင်ရှားကျော်ကြားလှတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။
Artist Aung Ko ဟာ “ဟောင်းလေ တန်ဖိုးရှိလေ”ဆိုတဲ့ ဆိုရိုးစကားကို အခိုင်အမာ ယုံကြည်သူဖြစ်ပြီး ဒီစီးရီးကို ရေးဆွဲရတဲ့ရည်ရွယ်ချက်က “မြန်မာပြည်ရဲ့ ယဥ်ကျေးမှု အနုပညာ၊ ဘာသာရေးဆိုင်ရာ အဆောက်အုံတွေကို တန်ဖိုးထားထိန်းသိမ်းတတ်ဖို့နဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို နောင်လာနောက်သား မျိုးဆက်တွေဆီ လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်ဖို့ ဖြစ်တယ် “လို့ သူကဆိုပါတယ်။
၂၀၁၅ ခုနှစ်မှစပြီး “OLD IS GOLD” စီးရီးကို ရေးဆွဲခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ ရေးဟန်တစ်မျိုးပြောင်းပြီး သူ၏ပန်းချီကားတွေမှာ အရောင်အသွေးစုံလင်မှု၊ ဖွဲ့စည်းပုံကောင်းမွန်မှု၊ သူ့ရဲ့ထူးခြားတဲ့ဟန်တစ်မျိုးနဲ့ modern art အဖြစ် ပိုမိုကောင်းမွန်စွာ ဖန်တီးရေးဆွဲထားမှုကို တွေ့မြင်ရမှာပါ။
Artist Aung Ko ဟာ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုနှင့် သမိုင်းတန်ဖိုးတွေကို နားလည်တန်ဖိုးထားတတ်သူဖြစ်တယ်ဆိုတာ သူ့ရဲ့ ပန်းချီအနုပညာလက်ရာတွေမှာ ထင်ဟပ် ပေါ်လွင်နေပါတယ်။
သူ့ရဲ့အနုပညာလက်ရာတွေကို ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ကျယ်ကျယ်ပြန့်ပြန့် ပြသခဲ့ပါတယ်။ ထင်ရှားတဲ့ ပြပွဲတွေက ၂၀၁၅ ခုနှစ်မှာ Chiang Mai နှင့် ၂၀၁၇ ခုနှစ်မှာ Burma Rising: The First Contemporary Art Show, USA ဘော်စတွန်မြို့၌ ပြသခဲ့သည်။ ယနေ့အထိ တစ်ကိုယ်တော် ပြပွဲ လေးခုနဲ့ အုပ်စုပွဲပေါင်းများစွာကို အောင်မြင်စွာ ပြသခဲ့ပြီး သူ့ရဲ့အနုပညာလက်ရာတွေဟာ မြန်မာပြည်မှာသာမက ကမ္ဘာအနှံ့ ပြန့်နှံ့အောင် တင်ဆက်ပြသနိုင်ခဲ့ပါတယ်။

Showing 1–16 of 63 results