My lovely sister

မောင်နှမဆိုတာ ကမ္ဘာမြေကြီးက ပေးလိုက်တဲ့အခိုင်မာဆုံး သံယောဇဉ်ကြိုးတစ်ချောင်းပါ……

အငယ်တွေရဲ့စံပြဖြစ်အောင်ဆိုပြီး နာနာဖွတ်ခံခဲ့ရတာ အိမ်က အကြီးဆုံးအမပေါ့……

အငယ်တွေ အသုံးမကျတဲ့အခါ သူအမြဲပါရတယ်။

ပူဆာတာတွေ၊ ကြင်နာတာတွေ၊ ဂရုစိုက်ခံရတာတွေက သူနဲ့လားလားမှ မဆိုင်သလိုပါပဲ။ အချို့အိမ်မက်တွေ၊ မျှော်လင့်ချက်တွေထက် မိသားစုအရေးကို ပိုတွေးမိခဲ့တော့ ‌ တစ်ဝက်တစ်ပျက်နဲ့ အရောင်ခပ်မှိန်မှိန် ဖြစ်နေခဲ့မှာပေါ့လေ………

အမကြီးတော့ အမိရာဖြစ်သလို ကိုယ်ကဘာကြီးပဲဖြစ်နေပါစေ ကိုယ့်အမရှေ့ရောက်ရင် ကလေးလိုပါပဲ။

ပါးစပ်ကနေသာ ထုတ်မပြောဖြစ်ပေမယ့် စိတ်ထဲမှာတော့ ချစ်တာထက်ကို ပိုပါတယ်……..

My Lovely Sister by Artist Myo Myint Tun

Year – 2015

#kalasaartspace #artspaceinyangon

#artissharing #artoftheday

© 2019-2023. All Right Reserved by Kalasa Art Space.