Mother & Child Part-2

#ArtistAungMyintရဲ့MotherAndChildပန်းချီကားများဖြစ်ပေါ်လာပုံ

အပိုင်း(၂)

(English version below)

“ဟုတ်တယ် အမေကို စိတ်ထဲမှာ အမြဲရှိတယ် ။ အမေက ငယ်ငယ်ကတည်းကဆုံးသွားခဲ့တာ ။ အမေ့ကိုသတိရစိတ်လည်းကြီးတယ် ။ အမေနဲ့ပတ်သတ်ပြီး မိခင်မေတ္တာကိုလည်း ဖော်ကြူးချင်တယ် ။ မိခင်တွေကိုလည်း ဂုဏ်ပြုချင်တယ် ။ ဒါ့ကြောင့်လည်း ဟိုးအရင်ကတည်း ရေးသမျှကားတွေမှာ မိခင်နဲ့သားသမီးပုံရိပ် လွှမ်းနေတာမျိုးဖြစ်တယ် ။ ဒါ့ကြောင့်လည်း ဒီ one line နဲ့ mother & child ပန်းချီကားတွေကို မဖန်တီးဖြစ်ခင်ကတည်းက ရေးသမျှ ကားတော်တော်များများမှာ အမေနဲ့ကလေးငယ်ရဲ့ ပုံ၊ ပန်းချီကားတွေ ရေးဖြစ်ခဲ့တာ ဖြစ်တယ် လို့ ဆိုလာပါတယ် ။

Artist Aung Myint ဟာ Mother & Child ပန်းချီကားထောင်ပေါင်းများစွာကို ရေးဆွဲခဲ့ပြီး ကမ္ဘာအရပ်ရပ်က အနုပညာစုဆောင်းသူတို့ လက်ထဲကို ပျံ့နှံ့ခဲ့ပြီးဖြစ်ပါတယ် ။

ပန်ချီကားပေါင်းမြောက်များစွာကို ရေးဖြစ်ခဲ့ပေမယ့်လည်း ပန်းချီကားများမှာ လုံးဝမှ ထပ်မနေပဲ တစ်ကားချင်းစီမှာ unique form ဖြစ်နေတာကို မြင်ရခြင်းအားဖြင့် Artist Aung Myint ရဲ့ မိခင်ပေါ်မှာ ထားရှိတဲ့ ချစ်မေတ္တာထုထည်ပမာဏ မည်မျှကြီးမားသည် ဆိုတာကိုအနုပညာချစ်သူတို့ ခန့်မှန်းလို့ရနိုင်မယ်လို့မျှော်လင့်ပါတယ် ။

Becoming Mother And Child Artworks by Artist Aung Myint

Part II

Yeah, my mother always lives on in my memory. My mother died when I was too young. I always remember my mother. I want to depict mother love, thinking about my mother. I want to honor mothers. My early paintings might be influenced by the image of mother and child. Even before making these pieces of Mother & Child, I had already made the other pieces of Mother & Child.

Artist Aung Myint has already created thousands of Mother & Child paintings, and collectors of the world already have those pieces.

Though he has already created many works for Mother & Child, his works differ from each other. Each piece is unique, which shows how he loves his mother,

I think that art lover may guess.

Part I here

https://m.facebook.com/events/880559156454772?view=permalink&id=880864516424236&mibextid=Nif5oz

#Zero_To_Inifinity #solo_exhibition #Artist_Aung_Myint  #myanmarahla_gallery #kalaaartspace #artissharing

© 2019-2023. All Right Reserved by Kalasa Art Space.