Modern Art

Modern Art ( ခေတ်သစ်ပန်းချီ )

ခေတ်သစ်ပန်းချီဟုပြောရရင်

မြန်မာပြည်မှာ Impressionism, Expressionism, Cubism, Abstractionism တို့ အရေးများပါတယ်။ ‌ခေတ်အလိုက်ပတ်ဝန်းကျင်၊ အယူအဆ၊အတွေးအမြင်တို့ပြောင်းလဲလာတာနဲဲ့အမျှ ပန်းချီရေးဆွဲမှုသဘောတို့မှာလည်း ပြောင်းလဲလာပါတယ်။

ပန်းချီကျော် ဗင်ဂိုးရဲ့ ပန်းချီကားတွေကို လေ့လာကြည့်ရသလောက် သူဟာ #Impressionist တစ်ယောက်ဖြစ်ပါတယ်။ အင်ပရက်ရှင်နစ်က အသေးစိတ် သဘာဝအစီအစဉ်များကို အလေးမထား၊ အကြောင်းအရာ Subject ရဲ့ အဓိပ္ပာယ်အနှစ်သာရကို ကိုယ်တိုင်ခံစားပြီး မိမိပြောပြချင်တာကို ဦးစားပေးရေးဆွဲပါတယ်။

#Expressionism မှာ မိမိရဲ့ခံစားချက်ကို သရုပ်ဖော်ရေးဆွဲခြင်းဖြစ်ပါတယ်။ သရုပ်ဖော်ရေးဆွဲတဲ့နေရာမှာ အဓိပ္ပာယ်တစ်ခုထက်ပိုပြီး ၂ ခု၊ ၃ခု စုပြုံဖော်ပြရေးဆွဲလေ့လည်း ရှိပါတယ်။ ရေးဖွဲ့သူဟာ ပြင်ပက အကြောင်းအရာထက် မိမိရဲ့ အတွင်းစိတ်သန္နာန်ကလာတဲ့ခံစားချက်တွေကို စိတ်ရှိရာအတိုင်းဖော်ပြရေးဆွဲတာမျိုးဖြစ်ပါတယ်။

#Cubism မှာ တော့ အရာဝတ္ထုတွေကို သုံးဘက်မြင်၊ လေးဘက်မြင်ပုံစံနဲ့ အားရှိတဲ့စည်းရုံးရေးသဘောတွေ ပါဝင်ပါတယ်။ သာမန်အားဖြင့် ပန်းချီကားတစ်ချပ်အနေနှင့် တန်ဆာဆင်ခြင်းနှင့် ဖန်တီးခြင်းသဘောတို့ကို ဦးတည်ပါတယ်။

#Abstractionism ပန်းချီမှာတော့ အထက်ဖော်ပြပါ ism များနဲ့ အများကြီးကွာပါတယ်။ တစ်စုံတစ်ရာသော အဖြစ်အပျက်တို့ဟာ ရုတ်ချည်းဖြစ်ပြီး ရုတ်ချည်းပျက်သွားတဲ့သဘော၊ မိမိအာရုံ၌ စုပေါင်းပြီးဝင်လာတတ်တဲ့ ခံစားမှုတွေကို သရုပ်ဖော်ခြင်း၊ အစုအပေါင်းအတိုင်းကြည့်ခြင်း၊ အတိုချုံ့ပြီးကြည့်ခြင်း၊ ခွဲခြားရွေးထုတ်ပြီးကြည့်ခြင်း တို့ကို စိတ်အလျဉ်အတိုင်း စီးမျော၍ ဖွဲ့စည်းဖော်ပြခြင်းဖြစ်ပါတယ်။ non-objective ဒြပ်မဲ့သဘောရေးဆွဲခြင်းဖြစ်တာကြောင့် မိမိရဲ့အသိအာရုံကျက်စားမှုများကို လွတ်လပ်စွာရှင်သန်စေ၍ ရေးဖွဲ့တဲ့ သဘောဖြစ်ပါတယ်။

Ref # Reminiscences of Myanmar Art by Artist U Aung Khin

#modernart

#Kalasaartspace#Artissharing

© 2019-2023. All Right Reserved by Kalasa Art Space.