#ဆရာအောင်မြင့်ပြောတဲ့မိုဒန်(modern art)အကြောင်း
အပိုင်း(၂)
(English version below)
“ဘယ်ပညာမှ ရပ်မနေပါဘူး။ ခေတ်ရေစီးကြောင်းအရ လွန့်လူးရုန်းထွက် ရှင်သန်နေတာပါ။ ရပ်နေတယ်ဆိုရင်သေပြီပဲ။ အမြဲကြံဆစိတ်ကူးပြီး တခါတရံ မမျှော်လင့်မထင်မှတ်ဘဲ တွေ့လိုက်မြင်လိုက် ရုတ်ချည်းဖြတ်ခနဲ အမြင်အာရုံ အတွေးအာရုံကို စုပ်ယူဖမ်းဆီးခံစားပြီး ရိုးရိုးသားသား သန့်သန့်ရှင်းရှင်းနဲ့ အကောင်အထည်ပေါ်အောင် ဖော်ပြလိုက်တာမျိုးတွေကို မိုဒန်မှာ တွေ့ရမြင်ရနိုင်ပါတယ်။
ဥပမာ-လေလွင့်မျောပါနေရင်း ပြောင်းလဲသွားတဲ့ တိမ်တိုက်တွေ၊ လူးလွန့်လှုပ်ခတ်သွားတဲ့ ဇာခန်းဆီးလိုဟာတွေ၊ နံရံကြမ်းပြင်စတဲ့ နေရာတွေမှာ အမှတ်မထင် စွန်းထေးကွက်ထင်နေတဲ့အရာတွေစသဖြင့်ပေါ့။”
“မိုဒန်နဲ့ ပတ်သက်ပြီးပြောရရင် မဖြီးနဲ့၊ ဖြီးတာနဲ့သိကြမယ်၊ သိတယ်၊ မညာနဲ့၊ ညာတာနဲ့သိကြမယ် သိနေတယ်။ ဒီမှာရိုးသားဖို့ကအရေးကြီးတယ်။ ခံစားမှုနဲ့ရေးတာ-အဲ စျာန်ဝင်လို့ရေးတာနဲ့ ရမ်းပြီးသမ်းပြီးရေးတာ ခွဲပြီးသိတယ်။ ပေါ့ပေါ့မတွက်နဲ့၊ မရဘူး၊ သူ့ပုံစံ၊ သူ့ပေတံ၊ သူ့အထွာ၊ သူ့အထာ၊ သူ့နည်း၊ သူ့စနစ်၊ သူ့အတိမ်အနက်၊ သူ့နဂို၊ သူ့နည်းစနစ်စတာတွေ၊ ဘောင်တွေ၊ ကလနားတွေရှိတယ်။ ဒါပေမဲ့ လွတ်လပ်တယ်၊ ပေါ့ပါးတယ်ထင်ရမယ်။ လုပ်ယူလို့မရဘူး၊ သင်ပေးလို့လဲမရဘူး၊ တကယ်ကြိုးစားမှု၊ အတွေ့အကြုံများမှ တကယ်ခံစားမှုရှိမှ၊ လိုအပ်ရင်ဘဝကိုပါနှစ်မြှုပ်ပြီးလုပ်မှ၊ တိုးမှတိုက်မှ၊ ရေးမှ၊ ဖေါ်မှ၊ ထူးခြားတဲ့ပါရမီအခံရှိဖို့လဲ လိုမယ်ထင်တယ်။မိုဒန်မှာ အရေးကြီးတာက လောဘသတ်တတ်ဖို့၊ ရပ်တတ်ဖို့လိုမယ်။”
သူပြောခဲ့သလိုပဲ
သူ့ရဲ့နောက်ပိုင်းလက်ရာ အတော်များများမှာ လောဘသတ်ထားတာတွေ တွေ့ရပါလိမ့်မယ်။ အရောင်တစ်ခုတည်း သို့တည်းမဟုတ် အနက်နဲ့အခြားတရောင်ကိုသာ ရောစပ်ယှဥ်တွဲသုံးစွဲထားတာတွေ၊ အနီနဲ့အနက်ရဲ့ပြင်းအားနဲ့ သူ့စိတ်ခံစားမှု ပေါင်းစပ်ထားတဲ့ လက်ရာတွေက သူ့ရဲ့ရိုးရှင်းမှုနဲ့ အဇ္ဈတ္တသဏ္ဍာန်ကို အထင်းသား မြင်တွေ့နေရပါတယ်။
(English Version)
“No art stops. According to the current of age, art tries to survive. To stop mean to die. In Modern Art, you can see the concept that an artist will have to grab the imagination he or she gets suddenly and will have to turn it into a work of art with the help of simplicity. For instance, the clouds floating with breeze just like the curtain fanned by the breeze. The stains on the floor etc. “Don’t make any piece of Modern Art without knowing what Modern Art really is. Here “simplicity” matters most. The difference between making art with emotion or intuition and making art without any knowledge about art is very visible. Don’t underestimate Modern Art. Modern Art has its own style, its own rules, its own theories, its own freedom. One might think that it is easy to make the artwork of Modern Art. It is impossible to make intentionally without knowledge. It is impossible to teach. It demands real efforts, real experience and real emotion. If necessary, one will have to bury his or her own life in art. Besides, one needs talent, too. What matters in Modern Art is to rein and brake your greed.” As he has already said, in his later works of art, you can see the fact that he always brakes his greed: he uses only mono colors or two colors- black and the other color. With the force of red and black, he tries to combine his emotion with his works. The other things we can be aware of in his works are his “simplicity” and his “inner-self”.
Written by Htoo Aung Kyaw
Translated by Kè Su Thar