Love Letter for Fathers by Artist Zaw Win Pe

နှလုံးသားထဲမှာ ခံစားချက်ရှိတယ်။ သို့သော် တစ်အိမ်လုံးရဲ့ အပူနဲ့သောကတွေကို အိပ်ကပ်ထဲမှာ ထည့်ထားပြီး အပြုံးမပျက်တတ်တဲ့သူ၊ အသားမာတွေတက်နေတဲ့ လက်တစုံနဲ့ ရှာဖွေကျွေးမွေးခဲ့သောသူ…..

ရောင်စုံ ဘဝတွေကြားထဲမှာ ကျင်လည်‌နေခဲ့ပြီအဖေ……….တခုခုဆိုရင်လည်း ‘ကိုယ့်ကျန်းမာရေးသာ ဂရုစိုက် အဆင်ပြေအောင်နေ၊ ဘာမှ စိတ်ပူမနေနဲ့’

ဆိုတဲ့စကားက မသိမသာ မျက်ရည်ဝဲမိသွားတာ အမှန်ပါ။ အဖေ့ချွေးနဲ့ တည်ဆောက်ထားတဲ့ အကွာအဝေးမိုင်‌ပေါင်းမြောက်များစွာက ‘အဖေ့အိမ်’ ကလေးကိုလည်း တနေ့တော့ အပြေးလေးလှမ်းလို့ ပြန်လာခဲ့ပါဦးမယ်………..

အချို့စကားလုံးတွေက ပြောချင်ပေမယ့်လည်း

အားနည်းနေပြီး ပြောမထွက်ဘူး……..

‘ချစ်ခြင်းများစွာနဲ့ သတိရမိတယ် အဖေ…….’

#HappyFathersDay

#kalasaartspace #artspaceinyangon

#artissharing #artoftheday #fatherday

© 2019-2023. All Right Reserved by Kalasa Art Space.