Introduction by our team member-1

Hello !!!!

မင်္ဂလာ ညချမ်းလေးပါ ကလသာရဲ့ အနုပညာချစ်သူတို့ရေ

ဒီကနေ့မှာတော့ KaLaSa ရဲ့ Team member တွေ

မိတ်ဆက်ပေးပါမယ်

ပထမဆုံးအနေနဲ့

အားလုံးသိကြတဲ့အတိုင်းပဲ ကလသာရဲ့ ပဲ့ကိုင်ရှင် Su လို့ ခေါ်ကြတဲ့ Ma Su Htwe Aung ပါ။

အပြုံးချိုချိုလေးနဲ့ ငယ်ငယ်ချောချော KaLaSa ရဲ့ Director Ma Su ပါ။

Ma Su က ကလသာ အနုပညာပြခန်းရဲ့ Founder, Curator အပြင် Language Teacher ပါဖြစ်ပါတယ်။ ပြခန်းအလုပ်၊ အနုပညာအလုပ်၊ အိမ်ထောင်ရှင်မတစ်ဦးအနေနဲ့အိမ်ထောင်မှု တာဝန်တွေအပြင် ကလသာပြခန်းရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ Art is Sharing ဆိုတဲ့အတိုင်း [Heal-with-Art By Ma Su Htwe] ဆိုပြီးတော့ အများအကျိူးအတွက် art နဲ့ပတ်သတ်တဲ့ art therapy , healing အလုပ်တွေပါ လုပ်ကိုင်လျက်ရှိပါတယ်။

ကလသာမှာ ဧည့်သည်တွေလာရင် မမောနိုင် မပမ်းနိုင် ဒိုင်ခံဧည့်ခံနိုင်သူကြီးကတော့ သူမပါပဲရှင့်.. စကားတွေပြောနေရရင် အစားတောင်စားဖို့မလိုတဲ့ ဗိုက်အမြဲပြည့်နေသူပါ။ ဟုတ်တယ်မလား ပရိတ်သတ်ကြီးတို့ရေ………..

ကဲ… ဒါကတော့

ကလသာရဲ့ ကလသာ အနုပညာပြခန်းရဲ့ Founder Ma Su အကြောင်းနည်းနည်းလောက်ဖောက်သည်ချကြည့်တာပါ

နောက်ထပ်လည်း ကလသာရဲ့ အဖွဲ့သားတွေနဲ့

မိတ်ဆက်ပေးအုံးမှာမို့ စောင့်မျှော်အားပေးကြပါအုံး

#kalasaartspace

#artistsharing [Kalasa Art Space ကလသာ အနုပညာၿပခန္း]

© 2019-2023. All Right Reserved by Kalasa Art Space.