Finding the Inner Peace

“မငြိမ်သက်မှုတွေ၊ ရှုပ်ထွေးမှုတွေကြားထဲမှာ မိမိစိတ်အတွင်း သန္တာန်ရဲ့ငြိမ်းချမ်းမှုကို ရှာဖွေရတာဟာ လူ့ဘဝရဲ့ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါ။ မငြိမ်မသက် ပရမ်းပတာတွေ ဝန်းရံနေချိန်မှာ ကျွန်ုပ်တို့ရဲ့ အာရုံစူးစိုက်မှုက ကိုယ့်အတွင်းငြိမ်းချမ်းရေးကို ရှာဖွေတွေ့ရှိပြီး လက်ရှိအခိုက်အတန့်မှာ အသက်ရှင်နေထိုင်ဖို့ပဲ အာရုံစိုက်သင့်ပါတယ်။

ပြောရလွယ်ပေမယ့် လက်တွေ့လုပ်ဖို့ တော်တော်ခက်ခဲနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ မတည်ငြိမ်တဲ့စိတ်တွေဟာ တစ်နေရာတည်းမှာ တည်ငြိမ်မနေဘဲ အမြဲတစေလိုအတိတ်နှင့် အနာဂတ်သို့ ပျံ့လွင့်သွားတတ်တဲ့သဘောရှိပါတယ်။

ဒါပေမယ့် ဗုဒ္ဓဘုရားရှင် ညွှန်ကြားထာတဲ့အတိုင်း ပစ္စုပ္ပန်တည့်တည့်မှာ နေထိုင်ပြီး မိမိရဲ့ အတွင်းစိတ်ငြိမ်းချမ်းမှုကို အာရုံပြုခြင်းဖြင့် လေးနက်သော ငြိမ်းချမ်းမှုကို ခံစားရရှိနိုင်ပါတယ်။

မြတ်စွာဘုရားရဲ့ ဒီအဆုံးအမကို လိုက်နာကျင့်သုံးခြင်းဖြင့် ငြိမ်းချမ်းမှု နှင့် ပြည့်စုံတဲ့ ဘဝမှာ နေထိုင်နိုင်စေပါတယ်။ ငြိမ်းချမ်းမှုဆိုတာ ပြင်ပကအရာမဟုတ်၊ ကျွန်ုပ်တို့ရဲ့အတွင်း၌ တည်ရှိတဲ့အရာဖြစ်ပါတယ်။

ဒဿနိကဘွဲ့ရသူတစ်ဦးဖြစ်တဲ့ Artist Htoo Aung Kyaw ဟာ သူ၏အနုပညာလက်ရာတွေမှာ ဗုဒ္ဓရဲ့ဒဿနနှင့် ဘဝနေထိုင်မှုပုံစံတွေကို inspired ယူပြီး သူ့ရဲ့အနုပညာနဲ့ပေါင်းစပ်ကာ ဖန်တီးရေးဆွဲလေ့ရှိပါတယ်။ အနုပညာရှင်တစ်ယောက်အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အတွေ့အကြုံတွေကို ထင်ဟပ်စေမယ့် သူ့ရဲ့ဖန်တီးမှုတွေကနေတစ်ဆင့် ဒီသဘောတရားတွေကို သူ့ရဲ့ပန်းချီကားတွေထဲမှာ ရေးဆွဲဖော်ပြထားပါတယ်။

Artist Htoo Aung Kyaw ဟာ ပြည်တွင်း ပြည်ပရှိ Group Exhibition တွေမှာ ပါဝင်ပြသခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပန်းဆိုးတန်းပြခန်းတွင် “The Nook” အမည်ရ သူရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲကို ကျင်းပခဲ့ပါတယ်။ ၂၀၁၉ မှာကျင်းပတဲ့ ဒုတိယမြောက် တစ်ကိုယ်တော် ပြပွဲမှာတော့ Installation နဲ့ Collage Artwork တွေအဓိကထား ပြသခဲ့ပြီး Lokanat Gallery တွင် ပြုလုပ်ခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာပဲ ပြင်သစ်အနုပညာရှင် Christine Fayon ၊ ၂၀၂၀ ခုနှစ်တွင် အိန္ဒိယအနုပညာရှင် Aymen နှင့် ပူးပေါင်းပြီး Kalasa Art Space မှာ Group Show များကိုလည်း ကျင်းပခဲ့ပါတယ်။

Artist Htoo Aung Kyaw ရဲ့အနုပညာလက်ရာတွေဟာပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများအထိ ခြေဆန့်နိုင်ခဲ့ပါတယ်။ သူ၏ စွဲမက်ဖွယ်ကောင်းတဲ့ လက်ရာများကို ထိုင်ဝမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ကိုရီးယား၊ သြစတြေးလျနှင့် ပြင်သစ်စတဲ့ နိုင်ငံတွေမှာ အနုပညာပြပွဲများ ကျင်းပပြုလုပ်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

Artist Htoo Aung Kyaw ရဲ့ လက်ရာပန်းချီကားများကို India Centre မှာ ပြုလုပ်နေတဲ့ The Art Of Golden Land Art Exhibition မှာ ကြည့်ရှုနိုင်ပါတယ် …..

တ”Finding inner peace amidst the chaos is a universal challenge in human life. While chaos surrounds us, our focus should be on discovering inner peace within ourselves and living in the present moment. That is easy to say but can be quite difficult to practice, as our minds tend to wander into the past and future. However, as the Buddha advised, by living in the present and directing our attention towards inner peace, we can experience a profound sense of tranquility.

Practicing this teaching of the Buddha enables us to live a life filled with peace. Peace is not external; it resides within ourselves.

Artist Htoo Aung Kyaw, a philosophy graduate, draws inspiration from the Buddha’s philosophy and way of life in his artworks. As an artist, he expresses these concepts through his creations, which reflect his personal beliefs and experiences.”

Artist Htoo Aung Kyaw has been participated in various group shows at home and abroad. In 2014, Htoo held his inaugural solo exhibition, “The Nook,” at Pansodan Gallery. His second solo show, focusing on installations and collage work, took place in 2019 at Yangon’s Lokanat Gallery. He has also participated in duet shows, collaborating with French artist Christine Fayon in 2019 and Indian artist Aymen at Kalasa Art Space in 2020.

Beyond painting, Artist Htoo Aung Kyaw expands his artistic repertoire as a performance artist. His captivating works have been showcased and performed both domestically and internationally, with exhibitions and performances in countries such as Taiwan, Thailand, Indonesia, Cambodia, Korea, Australia, and France, to name a few.

#artistHtooAungKyaw #theartofgoldenland#artexhibition #buddhistconcepts#conceptualart #kalasaartspace #artistsharing#artworks #artforall

© 2019-2023. All Right Reserved by Kalasa Art Space.