Childhood Memories Solo Art Exhibition By Artist Hla Htay

“အောက်မေ့ တမ်းတ ငယ်ဘဝ”

Childhood Memories

Solo Art Exhibition by Artist Hla Htay

(English Version Below)

“တစ်…..တောက်… တစ်…..တောက်” ဆိုပြီး နာရီက မြည်သံပေးရင်း ၊

ကမ္ဘာဟာ နေမင်းကြီးကို တပတ်ပြီးတပတ် လည်ပတ်နေရင်းနဲ့ ဆယ်စုနှစ် ၊ရာစုနှစ်တွေကလည်း တရွေ့ရွေ့ ပြောင်းလဲလာပြီး ကမ္ဘာမြေပေါ်က အချို့သော အရာတွေက တဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်သွားကြလေပြီ….

လူတိုင်းလူတိုင်းရဲ့ သိမှတ်တတ်ခါစ ငယ်ဘဝကစ၍ ဘိုးဘွားမိဘ ဆွေမျိုးသားချင်းတွေက အရုပ်ကလေးတွေပြလို့ ချော့မြှူခဲ့ကြပြီး တခါလည် နှစ်ခါလည်အရွယ်ကစလို့‘’အိုးခွက်ယမင်း၊ ဘုံခန်းတွင်းမှာ၊ ဂုံညှင်းတံကျစ်၊ ပုဆစ်ကြွေသွား’’ ကစား၍ အရွယ်ရောက်ခါ လူလားမြောက်ခဲ့ကြပါတယ်။

အခုအချိန်မှာတော့ ခေတ်မီတိုးတက်တက်တာနဲ့အမျှ ဆန်းသစ်များပြားလှတဲ့ ပလပ်စတစ်၊ ကော်၊ ရာဘာ၊ စတီး အပြင် အီလက်ထရောနစ်၊ ဒစ်ဂျစ်တယ် ကစားစရာပစ္စည်းပေါင်းစုံက ကလေးငယ်တွေရဲ့လက်ထဲမှာ နေရာယူလာကြတဲ့အတွက််ဟိုးအရင်က ကလေးငယ်တွေရဲ့ ဆော့ကစားစရာဖြစ်တဲ့ မြန်မာ့ရိုးရာကစားနည်းတွေနဲ့အတူ မြန်မာ့ရိုးရာ ကလေးကစားစရာတွေကလည်း တဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။

စက္ကူနဲ့ ပြုလုပ်ထားတဲ့ ပစ်တိုင်းထောင်၊ ဖိုးဝရုပ်၊ သူငယ်တော်ရုပ်၊ မင်းသား၊ မင်းသမီး ရုပ်သေးရုပ် တွေအပြင် ဆင်၊ မြင်း၊ ဆိတ် ၊ နွား၊ သစ်ကုလားအုတ်၊ ချိုးငှက်၊ ဇီးကွက်စတဲ့ တိရစ္ဆာန်ရုပ်ကလေးတွေ၊ ထန်းလက်အုန်းရွက်နဲ့ ပြုလုပ်ထားတဲ့ ငါးရုပ်ဖားရုပ်လေးတွေဟာ ယနေ့ခေတ်ကလေး‌ငယ်တွေရဲ့ လက်ထဲမှာ ဆော့ကစားစရာအရုပ်များအဖြစ် မမြင်တွေ့ရတော့ပါဘူး။

အဲတာကြောင့် Artist Hla Htayဟာ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မြန်မာ့ရိုးရာကလေးကစားစရာအနုပညာကို ပြန်လည်ဖော်ထုတ်တဲ့အနေဖြင့် ဟိုးအရင်ကခေတ်စားခဲ့တဲ့ မြန်မာ့ရိုးရာကလေးကစားစရာအရုပ်များကို သူရေးဆွဲနေကျပုံစံကနေ မတူကွဲထွက်၍ သူရဲ့တီထွင်မှုနဲ့ပေါင်းစပ်ပြီး ပန်းချီကားတွေထဲမှာထည့်သွင်းရေးဆွဲထားပါတယ်။

Artist Hla Htay ရဲ့ အခုပြသမယ့် ” Childhood Memories” “အောက်မေ့ တမ်းတ ငယ်ဘဝ’’ အမည်ရတဲ့ Solo Exhibition မှာတော့ မြန်မာ့ရိုးရာယွန်းပန်းချီရေးနည်းကို Inspired ယူ၍ ကလေးကစားစရာအရုပ်တွေကို သူရဲ့တီထွင်မှုနဲ့ပေါင်းစပ်ပြီး ရေးဆွဲထားတဲ့ပန်းချီကားတွေအပြင် မြန်မာ့ရိုးရာယွန်းထည်ဖန်တီးနေမှုပုံစံကို သရုပ်ဖော်ရေးဆွဲထားတဲ့ ပန်းချီကားတွေကိုပါ ပြသသွားမှာ ဖြစ်ပါတယ်။

” Childhood Memories”

” Tik Tok Tik Tok “

As the clock chimes, as the sun goes around the world week after week, decades and centuries have gradually changed, and some memories have gradually disappeared.

In everyone’s early childhood, they are attracted by the traditional toys presented by their parents and relatives.

At present, according to the progress of modernity, there are many new dolls which are made of plastic and glue, and rubber, in addition to steel, all kinds of electronic and digital toys are in the hands of children and Burmese traditional games and toys are gradually disappearing.

To preserve the tradition and evoke childhood memories, artist Hla Htay created this series using the Burmese lacquerware-making technique.

Curated by KaLaSa Team

#Artist_Hla_Htay #ChildhoodMemories #BrumeseTraditionalToys #KaLaSaArtSpace #ArtIsSharing

© 2019-2023. All Right Reserved by Kalasa Art Space.