မင်္ဂလာပါ ကလသာရဲ့ အနုပညာချစ်သူတို့ရေ
ဒီတခေါက်မှာတော့ အမြင်တမျိုးနဲ့ မရိုးရအောင်
မတူကွဲပြားတဲ့လက်ရာတွေနဲ့
မတူညီတဲ့ ရှုထောင့်ကနေ
ခံစားချက်တွေမတူကွဲပြားကြတဲ့ အမျိုးသမီးလေးတွေကို ရေးဖွဲ့ပုံဖော်ထားတဲ့
Artist Maung Myint Aung
Artist Sandar Khing
Artist Sue Htet Aung
Artist Zwe Mon
Artist Ma Charm
တို့ရဲ့ ပန်းချီလက်ရာတွေကို ချိတ်ဆွဲပြသထားတာမို့ ခံစားကြည့်ရှုကြဖို့ အနုပညာချစ်သူ ကလသာရဲ့ မိတ်ဆွေအားလုံးကို ဖိတ်ခေါ်ပါတယ်ရှင့်
ပန်းချီဆရာတွေက ဘယ်လိုမျိုးခံစားချက်တွေ၊ဘယ်လိုမျိုး နည်းလမ်းတွေကို အသုံးပြုပြီးတော့ ဖန်တီးရေးဆွဲကြသလဲဆိုတာကိုတော့ အနုပညာလက်ရာတစ်ခုချင်း တက်ဆက်ပြသပေးမှာမို့
ဆက်ဆက်စောင့်မျှော်အားပေးကြပါအုံးလို့
#kalasaartspace #burmeseladies #burmesepainting #myanmarpainting #MyanmarArt #myanmarartist #galleryinmyanmar #kalasaartspace #artistsharing
“အောက်မေ့ တမ်းတ ငယ်ဘဝ”
Childhood Memories
Solo Art Exhibition by Artist Hla Htay
(English Version Below)
“တစ်…..တောက်… တစ်…..တောက်” ဆိုပြီး နာရီက မြည်သံပေးရင်း ၊
ကမ္ဘာဟာ နေမင်းကြီးကို တပတ်ပြီးတပတ် လည်ပတ်နေရင်းနဲ့ ဆယ်စုနှစ် ၊ရာစုနှစ်တွေကလည်း တရွေ့ရွေ့ ပြောင်းလဲလာပြီး ကမ္ဘာမြေပေါ်က အချို့သော အရာတွေက တဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်သွားကြလေပြီ….
လူတိုင်းလူတိုင်းရဲ့ သိမှတ်တတ်ခါစ ငယ်ဘဝကစ၍ ဘိုးဘွားမိဘ ဆွေမျိုးသားချင်းတွေက အရုပ်ကလေးတွေပြလို့ ချော့မြှူခဲ့ကြပြီး တခါလည် နှစ်ခါလည်အရွယ်ကစလို့‘’အိုးခွက်ယမင်း၊ ဘုံခန်းတွင်းမှာ၊ ဂုံညှင်းတံကျစ်၊ ပုဆစ်ကြွေသွား’’ ကစား၍ အရွယ်ရောက်ခါ လူလားမြောက်ခဲ့ကြပါတယ်။
အခုအချိန်မှာတော့ ခေတ်မီတိုးတက်တက်တာနဲ့အမျှ ဆန်းသစ်များပြားလှတဲ့ ပလပ်စတစ်၊ ကော်၊ ရာဘာ၊ စတီး အပြင် အီလက်ထရောနစ်၊ ဒစ်ဂျစ်တယ် ကစားစရာပစ္စည်းပေါင်းစုံက ကလေးငယ်တွေရဲ့လက်ထဲမှာ နေရာယူလာကြတဲ့အတွက််ဟိုးအရင်က ကလေးငယ်တွေရဲ့ ဆော့ကစားစရာဖြစ်တဲ့ မြန်မာ့ရိုးရာကစားနည်းတွေနဲ့အတူ မြန်မာ့ရိုးရာ ကလေးကစားစရာတွေကလည်း တဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။
စက္ကူနဲ့ ပြုလုပ်ထားတဲ့ ပစ်တိုင်းထောင်၊ ဖိုးဝရုပ်၊ သူငယ်တော်ရုပ်၊ မင်းသား၊ မင်းသမီး ရုပ်သေးရုပ် တွေအပြင် ဆင်၊ မြင်း၊ ဆိတ် ၊ နွား၊ သစ်ကုလားအုတ်၊ ချိုးငှက်၊ ဇီးကွက်စတဲ့ တိရစ္ဆာန်ရုပ်ကလေးတွေ၊ ထန်းလက်အုန်းရွက်နဲ့ ပြုလုပ်ထားတဲ့ ငါးရုပ်ဖားရုပ်လေးတွေဟာ ယနေ့ခေတ်ကလေးငယ်တွေရဲ့ လက်ထဲမှာ ဆော့ကစားစရာအရုပ်များအဖြစ် မမြင်တွေ့ရတော့ပါဘူး။
အဲတာကြောင့် Artist Hla Htayဟာ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မြန်မာ့ရိုးရာကလေးကစားစရာအနုပညာကို ပြန်လည်ဖော်ထုတ်တဲ့အနေဖြင့် ဟိုးအရင်ကခေတ်စားခဲ့တဲ့ မြန်မာ့ရိုးရာကလေးကစားစရာအရုပ်များကို သူရေးဆွဲနေကျပုံစံကနေ မတူကွဲထွက်၍ သူရဲ့တီထွင်မှုနဲ့ပေါင်းစပ်ပြီး ပန်းချီကားတွေထဲမှာထည့်သွင်းရေးဆွဲထားပါတယ်။
Artist Hla Htay ရဲ့ အခုပြသမယ့် ” Childhood Memories” “အောက်မေ့ တမ်းတ ငယ်ဘဝ’’ အမည်ရတဲ့ Solo Exhibition မှာတော့ မြန်မာ့ရိုးရာယွန်းပန်းချီရေးနည်းကို Inspired ယူ၍ ကလေးကစားစရာအရုပ်တွေကို သူရဲ့တီထွင်မှုနဲ့ပေါင်းစပ်ပြီး ရေးဆွဲထားတဲ့ပန်းချီကားတွေအပြင် မြန်မာ့ရိုးရာယွန်းထည်ဖန်တီးနေမှုပုံစံကို သရုပ်ဖော်ရေးဆွဲထားတဲ့ ပန်းချီကားတွေကိုပါ ပြသသွားမှာ ဖြစ်ပါတယ်။
” Childhood Memories”
” Tik Tok Tik Tok “
As the clock chimes, as the sun goes around the world week after week, decades and centuries have gradually changed, and some memories have gradually disappeared.
In everyone’s early childhood, they are attracted by the traditional toys presented by their parents and relatives.
At present, according to the progress of modernity, there are many new dolls which are made of plastic and glue, and rubber, in addition to steel, all kinds of electronic and digital toys are in the hands of children and Burmese traditional games and toys are gradually disappearing.
To preserve the tradition and evoke childhood memories, artist Hla Htay created this series using the Burmese lacquerware-making technique.
Curated by KaLaSa Team
#Artist_Hla_Htay #ChildhoodMemories #BrumeseTraditionalToys #KaLaSaArtSpace #ArtIsSharing
Reflective Arts & Faith အမည်ရတဲ့ ပန်းချီပြပွဲကတော့ ဗဂျီလင်းဝဏ္ဏရဲ့ ဆယ့်တစ်ကြိမ်မြောက် တစ်ကိုယ်တော်ပြပွဲ ဖြစ်ပါတယ် ။
ဗဂျီလင်းဝဏ္ဏကို ၁၉၇၃ ခုနှစ်တွင် ရန်ကုန်မြို့မှာမွေးဖွားခဲ့ပြီး ပန်းချီပညာရပ်ကို ဆရာကြီး ဦးလွန်းကြွယ်နှင့် ဆရာဦးအောင်ဒင်တို့ထံမှ သင်ယူခဲ့လေ့လာခဲ့ပါတယ် ။
မော်ဒန်အနုပညာအကြောင်းအရာများစွာကိုတော့ မြန်မာပြည်ရဲ့ မော်ဒန်ဖခင်ကြီးအဖြစ်တင်စားခံရတဲ့ စွယ်စုံရ အနုပညာရှင် ဗဂျီအောင်စိုးထံမှာ နှစ်အတော်ကြာ လေ့လာလိုက်စားခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်မှ ဒဿနိကဗေဒ ပညာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး ပန်းချီပညာကို SSFA မှ လက်မှတ်ရယူခဲ့ပါတယ်။
ပြည်တွင်းပြည်ပ အုပ်စုပြပွဲပေါင်း တစ်ရာနီးပါးပြသခဲ့ပြီး တကိုယ်တော်ပြပွဲဆယ်ပွဲပြသပြီးခဲ့ပြီးဖြစ်ပါတယ် ။
ဗဂျီလင်းဝဏ္ဏဟာ သူသင်ယူလေ့လာထားခဲ့သမျှကို သူ့ဆရာ ဗဂျီအောင်စိုးထံမှ ရရှိခဲ့တဲ့ မော်ဒန်အနုပညာဖန်တီးမှုနဲ့ပေါင်းစပ်ပြီး အတွေးအခေါ်ဘက်ကို နွယ်တဲ့အနုပညာလက်ရာများ(concept arts) ကို ဖန်တီးခဲ့ပါတယ် ။ ဒါ့အပြင် အတွင်းစိတ်သန္တာန်ကို အခြေခံပြီး ရေးဆွဲခွင့်ရတဲ့ အဇ္ဈတ္တပန်းချီကားများကိုလည်း ရေးဆွဲရတာကြိုက်နှစ်သက်သူဖြစ်ပါတယ်။
Reflective Art & Faith အမည်ရတဲ့ ပန်းချီပြပွဲမှာတော့ ယခုကာလအတွင်း သူကိုယ်တိုင်ပြန်လည်သုံးသပ်ဖြစ်ခဲ့တဲ့ ဗုဒ္ဓအဆိုများကို အနုပညာလက်ရာအဖြစ်ပြန်လည်ပုံဖော်ထားတဲ့ပန်းချီကားများကိုပြသသွားမှာဖြစ်ပါတယ် ။
မြန်မာပြည်မှာတော့ ဗုဒ္ဓဘာသာကို ဘာသာရေးတစ်ခုအဖြစ်လက်ခံယုံကြည်ထားကြပါတယ် ။
ဒီပန်းချီကားတွေရဲ့ ဖန်တီးမှုအစဟာ ဂျပန်စာရေးဆရာကြီး Yasunari Kawabata ရဲ့ The House of The Sleeping Beauties ကို ဆရာကြီးနန္ဒသူ ဘာသာပြန်တဲ့ “ အိပ်ပျော်နေတဲ့ မိန်းမလှလေးများရဲ့ စံအိမ်” စာအုပ်ကိုဖတ်ရင်း မွေးဖွားခြင်း ၊ အိုမင်းခြင်း ၊ သေဆုံးခြင်း တို့အကြား ဆက်နွယ်မှုကိုခံစားဆင်ခြင်မိရာက ဗုဒ္ဓဘာသာ အယူအဆများအထိ ရောက်ရှိ ဖန်တီးဖြစ်ခဲ့တာဖြစ်ပါတယ်လို့ ဗဂျီလင်းဝဏ္ဏက ဆိုပါတယ် ။
Reflective Art & Faith ပြပွဲမှာတော့ သူ့ယုံကြည်ရာအတိုင်း သူ့စိတ်တိုင်းကျ ဖန်တီးပုံဖော်ထားတဲ့ ပန်းချီကားများအပြင် လတ်တလောကာလမှာ သူစိတ်ကတောင့်တသမျှကို စိတ်လွတ်လက်လွတ် ရေးချထားခဲ့သည့် abstract artworks များက်ိုပါ ပူးတွဲပြသသွားမှာဖြစ်ပါတယ် ။
Reflective Art & Faith is the eleventh Solo Exhibition by Artist Lynn Wunna born in 1973 in Yangon, Myanmar. He studied art under the great master artist U Lun Gywe and U Aung Din. Later, he studied modern art and the concept of inner artworks for many years from “The Father of Modern Art” the versatile artist Bagyi Aung Soe”.
Bagyi Lynn Wunna graduated with a philosophy degree from Yangon University and Fine Art study from SSFA. In the combination with his study and creative power that he gained from his mentor, Bagyi Aung Soe, he was magnetized to inner artworks called abstract and concept works.
Bagyi Lynn Wunna has exhibited about a hundred group shows at home and abroad and has already done ten solo shows.In this exhibition, he created artworks that reflected for him the quotes of the Buddha. In Myanmar, Buddhism quickly spread from the teachings of the Buddha, the enlightened one. Most people in Myanmar believe in Buddhism as a religion. As for the artist Bagyi Lynn Wunna, Buddhism is more than a religion. It is the teaching of the best way of living.
The idea for his current series of work developed after reading the book “The house of the Sleeping Beauties” by Japanese author Yasunari Kawabata and reflecting on his own beliefs. .
In this exhibition named ” Reflective Art & Faith”, Artist Lynn Wunna presents quotes from the teaching of the Buddha, which reflects himself and his abstract works that shows what he longs for at the current time.
#reflectiveartandfaith #artexhibition #bagyilynnwunna #soloshow
“ Simplicity is the best.”
အဲဲဒီစကားလုံးကိုသူအမြဲခဏခဏပြောတယ်။အပြောနဲ့အလုပ််မညီညွတ်တဲ့လူတွေထဲမှာလည်း သူမပါတာကတော့ သေချာတယ်။ သူက အနေရှင်း၊ အတွေးရှင်း ၊ အရေးရှင်းတဲ့သူပဲ။
အဲဒီလိုတွေ ရိုးရှင်းဖို့ဆိုတာကလည်း တမင်သက်သက်လုပ်ယူလို့ရထားတာ မဟုတ်ပြန်ဘူး။
သူ့ရဲ့ အတွင်းစိတ်၊ ဗီဇစိတ်သဏ္ဍာန်ကကိုပဲ ပင်ကိုယ်အရှိတရားတခု ဖြစ်နေပြန်တယ်။
အဲဒီ “သူ” ဟာ “အောင်မြင့်” ပဲ။ အောင်မြင့်’ ပန်းချီတွေ အများကြီးရေးတယ်။ စာအနည်းအပါးရေးတယ်။ပန်းပုတွေ၊တပ်ဆင်မှုအနုပညာတွေ၊တင်ဆက်မှုအနုပညာ(ပါဖောင်းမန့်
)တွေ၊ ကော်လက်ချ်အနုပညာဆိုတာတွေကို သူစိတ်ကူးပေါက်ရင်ပေါက်သလို ဖန်တီးတယ်။
ချပြတယ်။ သူဖန်တီးတဲ့အခါမှာလည်း သူတွေ့ကြုံနေရတဲ့လောက၊ သူရှာဖွေနေတဲ့သစ္စာ၊
သူလိုက်နာခံယူတဲ့ဓမ္မနဲ့ သူရဲ့ပစ္စုပ္ပုန် တည့်တည့်မှာ ခံစားနေရတဲ့ဝေဒနာတွေကိုဘယ်သောအခါမှ လစ်လျူရှုလေ့ မရှိခဲ့ပါဘူး။
လူအဖြစ်ကြောင့်ရရှိလာတဲ့ လောကဓံရှစ်ပါးကို သူဖြတ်သန်းတယ်။ ဖြတ်သန်းတဲ့အလျောက်
လည်း သူ့အနုပညာတွေကို သူဖန်တီးခဲ့ပြန်တယ်။ ကာလတွေ၊ ဝါဒတွေ အမျိုးစုံအောင်
ဖြတ်သန်းခဲ့ရတဲ့ အောင်မြင့်က သူ့အနုပညာကိုလည်း မျိုးစုံအောင် ဖန်တီးခဲ့တာပဲ။ ပန်းချီကိုလည်း မျိုးစုံအောင် ရေးခဲ့တာပါပဲ။ အောင်မြင့် မရေးဘူးတဲ့ ပန်းချီဝါဒ၊နည်းစနစ်ဆိုတာနဲ့ ဘာတွေဘယ်လိုရေးခဲ့တယ်ဆိုတာ သူ့ပန်းချီကားတွေကြည့်ရင်သိနိုင်ပါလိမ့်မယ်။
သူရေးခဲ့တဲ့ အထဲက Modern လို့ခေါ်ကြတဲ့ တချို့ပန်းချီကားတွေအကြောင်း နည်းနည်း
ပြောဖြစ်၊ မေးမြန်းဖြစ်တယ်။ ခုချိန်မှာတော့ Modern အကြောင်းထက်၊ Post Modern၊
Contemporary၊ Conceptual တွေပဲ ထပ်တလဲလဲ တွေ့နေရတာပါ။ ၁၉၆၀ ကျော်နှစ်များမှသည် သူထဲထဲဝင်ဝင် ဖြတ်သန်းခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အနုပညာနဲ့ ပတ်သက်လို့လည်း သူခံယူရာ
သူယုံကြည်ရာကို ယခုလို ပြောပြခဲ့ပါတယ်။
“မိုဒန်ရေးတယ်ဆိုပြီး အထင်ကြီးစရာမရှိသလို အထင်သေးစရာလည်း မရှိပါဘူး။
ချီးမွမ်းဖို့လည်းမလိုသလို ပြစ်တင်ရှုံ့ချဖို့လည်း မဖြစ်စေသင့်ပါဘူး။ အကျိုးနဲ့အကြောင်းနဲ့
ဆက်စပ်တွေးခေါ်ဖို့လည်း လိုပါတယ်။ မိုဒန် ရေးတာနဲ့ ရိုးရာကို၊ သမာရိုးကျကို ပစ်ပယ်ထားတဲ့ဟာတွေလို့ ထင်ရင်လည်း မှားပါတယ်။ အဲဒီစိတ်တွေ မရှိရင်၊ ခံစားမှုမထားရင် မိုဒန်ဆိုတာလည်း ဖြစ်မလာပါဘူး။ မိုဒန်ရေးတဲ့လူရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ ရှေးရိုးအယူအဆ အနုပညာခံစားမှုတွေဟာ အများကြီးပါ။
ဘယ်တိုင်းပြည်၊ ဘယ်သူမျိုးမဆို
ကိုယ့်ရိုးရာ ကိုယ့်ယဥ်ကျေးမှုကို မစွန့်ပယ်တတ်ပါဘူး။ ရိုးရာဓလေ့စရိုက်အခြေခံအချက်အလက်၊ စည်းမျဥ်းကလနားတွေကို အခြေခံပြီးမှသာ ခေတ်နဲ့လျော်အောင်ခံစားဖန်တီးလို့ရတာပါ။ အလွယ်ဆုံးပြောရရင် ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးစံနည်းနာနိဿျည်းသဘောသဘာဝကို အတန်ငယ်မျှ မစူးစမ်းမလေ့လာဘဲ၊ မသိဘဲ၊ အခြေမခံဘဲ ကျော်လွှားပြီး၊ကြားဖြတ်ပြီးမှရမ်းသမ်းပမ်းသမ်း မိုဒန်လိုက်ရင် အဲဒီပုဂ္ဂိုလ်ဟာ အရူးပဲ။ ရူးတာမှ ကုမရအောင်
ရူးတဲ့ အရူးပါ။ နိုင်ငံတကာအဆင့်ကို တိုးဝင်ဖို့ ခေတ်နဲ့ အမှီအညီ ရင်ဘောင်တန်းလိုက်ချင်လို့၊
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးဂုဏ်ကို ဖော်ထုတ်ချင်လို့ အပြောခံ၊ အဆိုခံ၊ အဆဲခံ၊
အညိုညင်ခံပြီး မိုဒန် ပန်းချီကို နှစ်ပြီးရေးတဲ့သူတွေ အတော်များများရှိပါတယ်။
ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ သူတို့တွေဟာ ခံယူချက်နဲ့ ယုံကြည်ချက်နဲ့ အညိုးအတေးခံဘဝကို မျက်စိမှိတ်၊ နားပိတ်ပြီး ဇွတ်အတင်းဝင်နေရတာပါ။ ဒီလိုဝင်တိုးရတဲ့အခါမှာ အများကြီးအများကြီး ချို့တဲ့အားနည်းစွာ ဝင်ရလို့ ထင်သလောက် ခရီးမပေါက်ပါဘူး။ပြတ်ကျန်နေခဲ့ပါတယ်။ စိတ်ထဲက ခံစားချက်ကို ထိထိရောက်ရောက် ဖော်ကျူးနိုင်ဖို့လိုအပ်တဲ့
ရုပ်ဝတ္ထုပစ္စည်းများ ချို့တဲ့မှုကလဲ ပါတယ်။
သိပ်ပြီးဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တွေရဲ့ ဒီကနေ့အနုပညာကို လှမ်းမှီ ဆုပ်ကိုင်ဖို့ မရနိုင်သေးပါဘူး။ အမေကျော် ဒွေးတော်လွမ်းတယ် ဆိုတဲ့စကားကို ဒီနေရာမှာ ဖောဖောသီသီ မသုံးသင့်ပါဘူး။ စေတနာ အစစ်အမှန်ကို၊
စိတ်ရင်းဆန္ဒအနက်အနဲကို သေချာစေ့ငစုံစမ်းဆုံးဖြတ်ပြီးမှသာ ဘေသင့်တာဘေသင့်ပါတယ်။
ဆော်သင့်ကလော်သင့်တာ ဆော်ဖို့ကလော်ဖို့ကောင်းတယ်။တကိုယ်တော်ကောင်းစားရေးအတွက်ဆိုတာ မပါဘူးလို့ မဆိုလိုပါဘူး။ လူပဲ၊ ပုထုဇဉ်ပဲအနည်းနဲ့အများ ရှိကြမှာပေါ့။ ဒါပေမယ့် စဉ်းစားဆုံးဖြတ်ဝေဖန်သုံးသပ်တဲ့အခါ အပေါ်ယံကမကြည့်ကြ၊ လျှပ်ပြီးမစစ်ကြောကြဖို့တော့ လိုမယ်လို့ထင်ပါတယ်။”
အသစ်ဖန်တီးသူတိုင်းကြုံတွေ့ရတဲ့ လောကဓံနဲ့ ရင်ဆိုင်ဖြတ်သန်းရသောခေတ်ရဲ့ရိုက်ခတ်မှုတွေက အနုပညာသမားတိုင်း ကြုံတွေ့ရမှာ မလွဲပါဘူး။ အစောပိုင်းသူ့ရဲ့မိုဒန်လက်ရာတွေမှာ သူ့ရဲ့ ပေါက်ကွဲမှု အရောင်စူးစူရဲရဲတွေ၊ ပဋိပက္ခဖြစ်မှုဆန့်ကျင်ဘက်အရောင်တွဲတွေ၊ စဉ်ဆက်မပြတ်ဖြစ်ပေါ်ဆက်စပ်နေတဲ့စိတ်ခံစားမှု ရေးချက်တွေ၊သူ့အာရုံမှာ စွဲထင်နေတဲ့ သင်္ကေတတွေ၊ ပုံရိပ်တွေ၊ သူ့ရဲ့လောကအပေါ်သရော်ချင်တဲ့အခဲမကျေမှုတွေ ပါဝင်နေတာတွေ့မြင်ရလေ့ရှိပါတယ်။
Mother & Child စီးရီးတွေ ရေးဆွဲနေဆဲကာလတစ်လျှောက်လုံးမှာ ယှဉ်တွဲရေးဆွဲဖြစ်တဲ့ Abstract Expression စီးရီးမှာတော့ စတင်ပြောင်းလဲလာတာတွေ့ရပြန်တယ်။ သူရေးနေကျ Mediumတွေအစား သူ့စိတ်ခံစားမှုကို လွတ်လွတ်လပ်လပ် အတူတကွ စီးမျောပေးမယ့် EnamelPaintကို ပြောင်းလဲသုံးစွဲလာပါတယ်။ အရောင်သုံးစွဲမှုများဟာလည်း minimiseပိုဆန်လာပါတယ်။ ဒါကလည်း ရပ်မနေချင်သော အနုပညာသမားတစ်ယောက်ရဲ့
ဆက်လက်ရှာဖွေမှုတွေပါပဲ။ လိုင်းကိုအထူးပြုပြီး ရေးလေ့ရှိတဲ့အရှေ့တိုင်းသဘာဝပန်းချီဟန်ကို သူ့ရဲ့ Mother & Child မှာ ဆက်လက်ဆွဲကိုင်ခဲ့သလိုပဲသူ့ရဲ့AbstractExpression မှာ ဆက်လက်စီးမျောနေခဲ့ပြန်တာပါ။
“ဘယ်ပညာမှ ရပ်မနေပါဘူး။ ခေတ်ရေစီးကြောင်းအရ လွန့်လူးရုန်းထွက် ရှင်သန်နေတာပါ။ရပ်နေတယ်ဆိုရင်သေပြီပဲ။ အမြဲကြံဆစိတ်ကူးပြီး တခါတရံ မမျှော်လင့်မထင်မှတ်ဘဲ
တွေ့လိုက်မြင်လိုက် ရုတ်ချည်းဖြတ်ခနဲ အမြင်အာရုံ အတွေးအာရုံကို စုပ်ယူဖမ်းဆီးခံစားပြီး
ရိုးရိုးသားသား သန့်သန့်ရှင်းရှင်းနဲ့ အကောင်အထည်ပေါ်အောင် ဖော်ပြလိုက်တာမျိုးတွေကို
မိုဒန်မှာ တွေ့ရမြင်ရနိုင်ပါတယ်။ ဥပမာ-လေလွင့်မျောပါနေရင်း ပြောင်းလဲသွားတဲ့တိမ်တိုက်တွေ၊ လူးလွန့်လှုပ်ခတ်သွားတဲ့ ဇာခန်းဆီးလိုဟာတွေ၊ နံရံကြမ်းပြင်စတဲ့ နေရာတွေမှာ
အမှတ်မထင် စွန်းထေးကွက်ထင်နေတဲ့အရာတွေစသဖြင့်ပေါ့။”
“မိုဒန်နဲ့ ပတ်သက်ပြီးပြောရရင် မဖြီးနဲ့၊ ဖြီးတာနဲ့သိကြမယ်၊ သိတယ်၊ မညာနဲ့၊ညာတာနဲ့သိကြမယ် သိနေတယ်။ ဒီမှာရိုးသားဖို့ကအရေးကြီးတယ်။ ခံစားမှုနဲ့ရေးတာ-အဲစျာန်ဝင်လို့ရေးတာနဲ့ ရမ်းပြီးသမ်းပြီးရေးတာ ခွဲပြီးသိတယ်။ ပေါ့ပေါ့မတွက်နဲ့၊ မရဘူး၊ သူ့ပုံစံ၊ သူ့ပေတံ၊ သူ့အထွာ၊ သူ့အထာ၊ သူ့နည်း၊ သူ့စနစ်၊ သူ့အတိမ်အနက်၊ သူ့နဂို၊သူ့နည်းစနစ်စတာတွေ၊ ဘောင်တွေ၊ ကလနားတွေရှိတယ်။ ဒါပေမဲ့ လွတ်လပ်တယ်၊
ပေါ့ပါးတယ်ထင်ရမယ်။ လုပ်ယူလို့မရဘူး၊ သင်ပေးလို့လဲမရဘူး၊ တကယ်ကြိုးစားမှု၊
အတွေ့အကြုံများမှ တကယ်ခံစားမှုရှိမှ၊ လိုအပ်ရင်ဘဝကိုပါနှစ်မြှုပ်ပြီးလုပ်မှ၊ တိုးမှတိုက်မှ၊ရေးမှ၊ ဖေါ်မှ၊ ထူးခြားတဲ့ပါရမီအခံရှိဖို့လဲ လိုမယ်ထင်တယ်။မိုဒန်မှာ အရေးကြီးတာက
လောဘသတ်တတ်ဖို့၊ ရပ်တတ်ဖို့လိုမယ်။”
သူပြောခဲ့သလိုပဲ သူ့ရဲ့နောက်ပိုင်းလက်ရာ အတော်များများမှာ လောဘသတ်ထားတာတွေ
တွေ့ရပါလိမ့်မယ်။ အရောင်တစ်ခုတည်း သို့တည်းမဟုတ် အနက်နဲ့အခြားတရောင်ကိုသာ
ရောစပ်ယှဥ်တွဲသုံးစွဲထားတာတွေ၊ အနီနဲ့အနက်ရဲ့ပြင်းအားနဲ့ သူ့စိတ်ခံစားမှု ပေါင်းစပ်ထားတဲ့လက်ရာတွေက သူ့ရဲ့ရိုးရှင်းမှုနဲ့ အဇ္ဈတ္တသဏ္ဍာန်ကို အထင်းသား မြင်တွေ့နေရပါတယ်။
အနုပညာရှင်ဆိုသူတိုင်းဟာ သူဖြတ်သန်းနေတဲ့ကာလတလျှောက်လုံးကို အမြဲတမ်း
မျက်မှောက်ပြုထားသူတွေပါ။ သူတို့မျက်မှောက်ပြုနေသော ခေတ်ရဲ့ဝန်ကိုလည်း
သူတို့အနုပညာနဲ့ ဖော်ဆောင်ထမ်းပိုးထားတဲ့သူတွေပါပဲ။ Artist Aung Myintသည်လည်း
သူဖြတ်သန်းခဲ့ရာ ခေတ်အကြောင်းကို သူ့အနုပညာရပ်ပေါင်းများစွာနဲ့
အရိုးရှင်းဆုံးဖြတ်သန်းနေသူလို့ ဆိုပါရစေတော့။ ။
written by
Htoo Aung Kyaw
#Zero_To_Inifinity #solo_exhibition #Artist_Aung_Myint #myanmarahla_gallery #kalaaartspace #artissharing
(English version below)
ရုပ်တရားဟူသည် အမှန်စင်စစ် ပထဝီ ၊ တေဇော ၊ အာပေါ ၊ဝါယော ဟူသော ဓာတ်ကြီး လေးပါးသာဖြစ်သည်။
ပန်းချီရဲ့ အစသည်လည်း အစက်ကလေးတစ်စက်မှစသည်။ အစက်ပေါင်း များစွာမှသည် မျဥ်းကြောင်း၊ မျဥ်းကြောင်းများမှသည် ပုံသဏ္ဍာန်၊ ပုံသဏ္ဍာန်များမှသည် ထုထည်အဖြစ်သို့။
“၁၉၉၅ ဝန်းကျင်လောက်မှာ ဖတ်ဖြစ်နေတဲ့ စာအုပ်တွေပါ။ အဲအထဲမှာ ပရမာဏုမြူတို့ ဓာတ်ကြီးလေးပါးတို့ဆိုတဲ့ အကြောင်းတွေပါပါတယ်။ အဲဒီမှာစိတ်ဝင်စားသွားပြီး ဆက်ဖတ်ဖြစ်တော့ စကြဝဋ္ဌာရဲ့တည်ပုံ၊ ပျက်ပုံ၊ ရုပ်၊ နာမ် အဲဒါတွေအထိ ဆက်စပ်သွားတယ်။ အဲဒီအချိန်မှာ ကိုယ်မြင်တဲ့အသိနဲ့ ကိုယ့်အထဲမှာရှိနေတဲ့ ဓာတ်ကြီးလေးပါးဆိုတာ ရေးချင်လာတာ ။ အဲဒါနဲ့ပဲ ဒီစီးရီးကို ရေးဖြစ်သွားတာပေါ့။ ”
ရင်ထဲမှာတည်ရှိနေတဲ့ အရှိတရားနဲ့ ၊ အသိတရားတို့ပေါင်းစည်းမိသောအခါ ဖန်တီးချင်စိတ်တို့က လာရောက်နှိုးဆော်ကြသည်။
ထိုအခါပန်းချီဆရာက ပန်းချီရေးမည်။ ကဗျာဆရာက ကဗျာဖွဲ့သီမည်။ ဂီတသမားက သံစဥ်တို့ဖြင့်ဖော်ကြူးမည်။ ဤသို့ဖြင့် အရှိတရားနှင့် အသိတရားတို့မှ အနုပညာရပ်များ ပေါက်ဖွားလာကြသည်။
ရေ၊ မြေ၊ လေ၊ မီး ဓာတ်ကြီး ၄ ပါးတို့၏ အစသည် ပရမာဏုမြူ၊ ထိုပရမာဏုမြူတို့သည် ဤပန်းချီကားများကို ဖန်တီးဖြစ်စေသော အစ(သို့မဟုတ်) အကြောင်းတရား၊ ဤအကြောင်းတရားမှသည် အကျိုးဖြစ်စေသောဓာတ်ကြီးလေးပါး ပန်းချီကား။ ယင်းဓာတ်ကြီးလေးပါး ၊ ပရမာဏုမြူတို့ အကြောင်းတိုက်ဆိုင်၍ သိန်းသောင်းသင်္ချေမက ပေါင်းစုံစုဝေးမိကြမှသာလျှင် ပကတိမျက်စိဖြင့် မြင်ကောင်းသော အစိုင်အခဲထုထည်ပုံသဏ္ဍာန်တို့ဖြစ်ပေါ်လာရသည်။
(English Version )
Matter is made up of four elements- earth, fire, water and air. Painting, too, begins with a dot. A line is made up of dots, a shape, made up of lines, and a form, made up of shapes. These are the books I started to read in 1995. In the book, I came across things about atoms and four elements. Which interested me much, and I could not help reading it. From it, I came to learn how universe exists, how mind and matter arise and pass away. This knowledge inspired me to make some works based on four elements. And I managed to make the series of Four Elements. When reality and knowledge become one, will to create something enter the mind of an artist. A painter will make a painting. A poet will write a poem. A musician will create a melody. A song writer will compose a song. It is in this way that art comes out of reality and knowledge. The beginning of four elements is atom. An atom is the beginning or reason which causes the artist make a work of art. Four elements are the reason. The result is a work of art. Only when millions of atoms gather together, shapes and forms which you can see with your real eyes come into being.
#Zero_To_Inifinity #solo_exhibition #Artist_Aung_Myint #myanmarahla_gallery #kalaaartspace #artissharing
Artist Aung Myint ဟာ Jackson Pollock တီထွင်ခဲ့သော dripping နည်းဖြင့် စိတ်သွားရာ လက်လိုက်ပြီး ပုံဖော်ရတာကို သဘောကျသူဖြစ်တယ်။ ကြည့်ရှုခံစားသူအပေါ် မူတည်ပြီး အဓိပ္ပါယ် အမျိုးမျိုး ပေါ်လာနိုင်ပါတယ်။ “စိတ်နှင့်လက် လိုက်လျောစွာ ရွေ့လျားမှ အောင်မြင်မှု ရမည် “လို့ သူက ဆိုပါတယ်။
ဒါကတော့ Dropping Series ထဲက စိတ်သွားရာ လက်လိုက်ပြီး ပုံဖော်ရေးဆွဲထားတဲ့ အနုပညာလက်ရာဖြစ်ပါတယ်
(English Version)
Artist Aung Myint is the one who loves as commanded by his emotions, copying the dripping technique of Jackson Pollock. He said: “Only when emotion (mind) and hand move harmoniously, there will be the successful making of art.
This is one of the artwork from the dripping series. Enjoy free.
#Zero_To_Inifinity #solo_exhibition #Artist_Aung_Myint #myanmarahla_gallery #kalaaartspace #artissharing
တိုက်ကြီးငါးတိုက်မှာ
ကမ္ဘာကြီးမှာ အမှားတွေ –
အပြစ်တွေနဲ့ အပြည့်အမှောင်တွေဖုံးလို့ – မွန်းကြပ်ပူလောင်တဲ့ ဝေဒနာတွေ ခံစားနေကြရ
အနီရောင်လှိုင်းတွေ –
အနီရောင်လိုင်းတွေက ကမ္ဘာကြီးကို လှောင်ပြောင်ရီမောနေကြတာလား? ကြိုဆိုနေကြ တာလား? ဒီအနီရောင်တွေဟာ သွေးမျက်ရည်တွေလား ?တိုက်ကြီးငါးတိုက်ကို သံဆူးကြိုးတွေကလဲရစ်ပတ်ချုပ်နှောင်ထား
အမဲရောင်အမှား၊
အနီရောင်ဖုံးပြီး၊ သံဆူးကြိုးတွေ ရစ်ပတ်ခံနေရတဲ့ တိုက်ကြီးငါးတိုက်/ကမ္ဘာကြီး ပူဆွေးသောကတွေ ခံစားနေကြရ မွန်းကြပ်ပူလောင်လို့ အသက်တောင်ဝဝရှုမရ
ဘာတွေမှားနေလဲ ?
တိုက်ကြီးငါးတိုက်မှာ ကမ္ဘာကြီးကော ဘာတွေဖြစ်ကုန်ပြီလဲ? ဘယ်သူတွေကြောင့် ဘာကြောင့်လဲ?
လောဘ ၊ ဒေါသ ၊ မောဟတွေ ဖုံးနေတဲ့ ကမ္ဘာကြီး အတ္တတွေ လွှမ်းနေတဲ့ တိုက်ကြီးငါးတိုက်
မေတ္တာတရားဆိုတာ ဘယ်မှာလဲ ?
တိုးတက်ဖွံ့ဖြိုးပါတယ်ဆိုတဲ့ တိုက်ကြီးတွေက လူသားတွေကို ဒုက္ခရောက်စေခဲ့ အန္တရာယ်ဖြစ်စေမယ့် လူသတ်လက်နက်တွေ အပြိုင်အဆိုင်ထုတ်နေကြ
ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ဆိုတာ အကြောင်းပြ၊ အခြားတပါးကို အနိုင်ယူဖို့ကြိုးစားကြ အတ္တလွန်လူသားတွေ ပူလောင်နေတဲ့အရောင်တွေ ညစ်ထေးမဲမှောင်နေတဲ့အရောင်တွေ ၊ ဒီအရောင်တွေလွှမ်းပြီး သံဆူးကြိုးတွေပါ ရစ်ပတ်ခံနေရတဲ့ တိုက်ကြီးငါးတိုက်
တည်ငြိမ်မှု ၊ အေးချမ်းသာယာမှုဆိုတာ ရှိသေးရဲ့လား ဘယ်မှာလဲ လွတ်လပ်မှု ၊
ငြိမ်းချမ်းမှု ကမ္ဘာကြီးရဲ့ ရောင်ပြန်ဟပ်မှုကြောင့် နေမင်းကြီးတောင်ပူဆွေးသောကရောက်ရရှာ
နိုင်ငံရေးအမှား ၊ စီးပွားရေးအမှား ၊ လူမှုရေးအမှားတွေပြည့်သိပ်လို့နေ လူသားအများ ညည်းညူအော်ဟစ်နေကြရ
ဖွံ့ဖြိုးတိုးတက်တဲ့ တိုက်ကြီးတွေက အမှားတွေ၊အမှားတွေထပ်လုပ်ဖို့ ကြိုးစားနေကြ၊ ငတ်မွတ်ဆင်းရဲ တိုင်းပြည်များ ချွတ်ခြုံကျသထက်ကျ
ကမ္ဘာကြီးပျက်စီးလုနီးပြီလော ဘယ်သူ့ကြောင့် – ဘယ်လို့ကြောင့်မမေးနဲ့တော့
ကမ္ဘာကြီးဆက်လက် ရှင်သန်ဖို့ – အတ္တတွေထိန်းချုပ် ၊ ငြိမ်းချမ်းရေးကို အလေးထား စစ်မက်ဝါဒီတွေကျဆုံးစေ၊ ငြိမ်းချမ်းရေးကိုရှေ့ရှု၊ မေတ္တာတရားရှေ့ထားကြ
ကမ္ဘာကြီးကျန်းမာပါစေ ၊ ကမ္ဘာကြီးကျန်းမာပါစေ ၊ ကမ္ဘာကြီးကျန်းမာပါစေ ၊
ကောင်းချီးမင်္ဂလာရောက်စေသော် ၊ ကောင်းချီးမင်္ဂလာရောက်စေသော် ၊ ကောင်းချီးမင်္ဂလာရောက်စေသော် ၊
The Five Continents by Artist Aung Myint
(English Version)
The World, the five continents, overflow with misdeeds, with sins.
Under the darkness, they suffocate in fierce heat.
Waves of blood-red pulsate with laughter over the World.
Is that a welcome? Are those tears of blood?
The Five Continents, tied up in barbed wire.
Black sins and red blood and barbs squeeze the world.
Deep in despair and suffocating in heat, what went wrong. What is happening?
Who has done this, and for what..??
Greed and anger and delusion covers the world. Selfishness wraps itself around the continents.
Where is love and kindness both?
In the world both learned and developed, they learned to develop weapons of wars. Weapons of destruction, not for defence, but for attack, to harm, to destroy.
The learned are proud with arrogance, their egos.
Is there peace?
Is there joy?
Is there calm in these continents?
Where is freedom?
Where is peace?
The sun wilt in the heat of the world. The five continents full of political sins, economics sins, social sins, a world full of unfair greed is full of sin.
People of these continents scream in agony. The rich countries try to commit more misdeeds while the poor stay poor.
Is the world facing destruction?
Do not ask how, do not ask by whom?
Let us to do away with our egos, so that the world may survive, the continents live in peace.
Downfall of Warlover, look forward to Peace, secure love, and kindness.
Health to the World, Health to the World, Health to the World.
Blessings to the World, Blessings to the World, Blessings to the World.
#Zero_To_Inifinity #solo_exhibition #Artist_Aung_Myint #myanmarahla_gallery #kalaaartspace #artissharing
Artist Aung Myint လို့ ပြောလိုက်ရင် နောက်က (Inya Gallery) ဆိုတာ အမြဲတမ်းပါ ပါတယ်။ Inya Gallery က ဘာအရေးကြီးလဲ ဆိုတော့ မြန်မာ့မော်ဒန်ပန်းချီ နှောင်းပိုင်း လှုပ်ရှားမှုနဲ့ Contemporary အဝင် အစောပိုင်းကာလတွေမှာ Inya Gallery ရဲ့တည်ရှိမှု အင်မတန် အရေးကြီးတယ်လို့ ယူဆပါတယ်။ ကိုယ်ကလည်း အနုပညာရှင်တစ်ယောက်အနေနဲ့ အနုပညာနယ်ပယ်ထဲမှာ ဦးအောင်မြင့်ရယ် ၊Inya Galleryရယ် ကျွန်တော်တို့ အနုပညာနဲ့ ပတ်သက်ဆက်စပ်မှုကို ပြောချင်ပါတယ်။
ပထမဆုံး အနုပညာနယ်ပယ်ထဲကို အစောပိုင်းစဝင်လာတဲ့အချိန် (၁၉၉၃၊ ၁၉၉၄၊ ၁၉၉၅) အဲဒီ ကာလတွေမှာ ရန်ကုန်တက္ကသိုလ်ပန်းချီခန်း (ကံ့ကော်ရွာအဖွဲ့)ကို ဦးဆောပြီးစဖွင့်တဲ့အချိန်မှာ အနုပညာ စီနီယာတွေကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Surrealist ပန်းချီဆရာစံမင်း၊ ပန်းချီကေမြိုး၊ ပန်းချီလှတိုး၊ မခင်ဆွေဝင်း၊ ဆရာတီးတို၊ ဒေါ်ခင်မြဇင်၊ ပန်းချီညိုဝင်းမောင် စသဖြင့် ပန်းချီဆရာများနဲ့ စတင်ထိတွေ့ခွင့်ရခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ကျတော့ အနုပညာနယ်မှာ အဆက်အစပ်မရှိခဲ့၊ အနုပညာကျောင်း တက်ခဲ့တာမဟုတ်တာမို့ ရန်ကုန်တက္ကသိုလ်ရဲ့ ပန်းချီခန်းကို ဦးဆောင်ခဲ့တဲ့အတွက် စီနီယာအစ်ကို၊အစ်မတွေက နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတယ်။ အဲဒီကာလပန်းချီခန်းကို ဦးဆောင်ခဲ့တဲ့သူတွေကတော့ ကျွန်တော်ပန်းချီထိန်လင်း၊ နေသွေးဦး၊ ချောအိသိန်းတို့ဖြစ်ပါတယ်။ ၁၉၉၅ကံ့ကော်ရွာပန်းချီပြပွဲ ပြန်လုပ်တဲ့အချိန် ကိုယ်တို့တွေဝင်ပြီးတော့ပါဝင်ခွင့်ရတယ်။ ပန်းချီကားတွေဝင်ပြတယ်။ ပန်းချီအနုပညာနယ်ထဲကို ဝင်လာပြီး ပန်းချီဆရာများနဲ့ ဆက်ဆံထိတွေ့ခွင့်ရခဲ့ ပါတယ်။ ကံ့ကော်ရွာပန်းချီပြပွဲကို ဝင်ပြတဲ့အချိန်မှာ ခုနက စီနီယာပန်းချီဆရာတွေက ကိုယ့်လက်ရာတွေကို ကြည့်တယ်။ နောက်တော့ပြပွဲမှာမပါတဲ့ တခြားလက်ရာတွေ ကိုကြည့်ချင်တယ်ဆိုတော့ ယူလာပြီးပြတယ်။ အဲ့ကာလရေးထားတဲ့ Abstract ၊ စက္ကူတွေပေါ်မှာဆွဲထားတဲ့ Abstract ကားတွေကြည့်ပြီးတော့ ကိုစံမင်း၊ ကိုတီးတို၊ ကိုကေမြိုး၊ မခင်ဆွေဝင်းတို့က Inya Gallery ကိုသွားသင့်တယ် လို့တညီတညွတ်တည်းပြောကြတယ်။ ကိုအောင်မြင့်နဲ့ တွေ့သင့်တယ်။ အဲဒီအချိန်မှာ ကျွန်တော့်အနေနဲ့ Inya Gallery ဆိုတာလည်းမသိခဲ့ပါဘူး။ကိုအောင်မြင့် ဆိုတာလည်း မသိဘူးခဲ့ပါဘူး။ “ဒါပေမယ့် ဒီပုဂ္ဂိုလ်တွေအကုန်လုံးက Inyaကိုပဲ မဖြစ်မနေသွားရမယ်။ ငါတို့လွှတ်လိုက်တယ်လို့ပြော ဒီလိုနည်းနဲ့ အတင်းလွှတ်တယ်။” အတင်းလွှတ်တော့ ပန်းချီကားတချို့ကိုယူပြီး Inya Gallery ကိုရောက်သွားခဲ့တယ်။
Inya Gallery က အင်းလျားလမ်းထဲကနေ ကွေ့ကောက်ဝင်သွားရပြီး ဦးအောင်မြင့်ရဲ့ ခြံထဲမှာ တစ်ဖက်ရပ်အမိုးလေးနဲ့လုပ်ထားတယ်။ အဲ့ကိုရောက်တာနဲ့ ကျွန်တော်လည်း မျက်လုံးတွေကျယ်သွားတယ်။ Inya Gallery ပြခန်းမှာပြသထားတဲ့ ပန်းချီလက်ရာတွေ အကုန်လုံးကို တွေ့လိုက်ရတဲ့အခါ ကိုယ့်စိတ်ထဲမှာ ကို့အိမ်ကိုရောက်သွားသလို နွေးထွေးမှုကို ခံစားလိုက်ရပါတယ်။ အဲ့နောက်မှာ ဦးအောင်မြင့်ထွက်လာပြီးတော့ ကျွန်တော့်ပန်းချီကားတွေကို ကြည့်ပြီး ချက်ချင်းအားရဝမ်းသာနဲ့ ဦးအောင်မြင့်က “ ဟေ့ရောင် မင်းဥစ္စာတွေက တကယ့်ဟာတွေပဲ။ ခုချက်ချင်း မင်းရဲ့ပန်းချီတွေကို ငါတို့နဲ့ဝင်ပြ” အဲလိုမျိုး ခုမှတွေ့ဖူးတဲ့ကျွန်တော့်ကို နှစ်ပေါင်းများစွာက ခင်မင်ရင်းနှီးလာတဲ့ မိတ်ဆွေသူငယ်ချင်းလိုမျိုး ဖော်ဖော်ရွေရွေနဲ့ ရင်းနှီးပွင့်လင်းစွာ စကားစဆို ကြိုဆိုပါတယ်။ တကယ်တော့ အသက်အားဖြင့်ရော ဝါအားဖြင့်ရော သူဟာ ကျွန်တော့်ထက်အများကြီး ကြီးပါတယ်။ သို့ပေမယ့် ကျွန်တော့်ကို ညီအစ်ကိုသူငယ်ချင်းအရင်းအချာလို ဆက်ဆံပြောဆိုပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်ကလည်း ‘အစ်ကို’လို့ပဲခေါ်ပါတယ်။ အနုပညာနယ်ပယ်ထဲမှာဆိုရင် ကျွန်တော့်ကို ကိုထိန်၊ ထိန်ထိန်လို့ခေါ်ကြပါတယ်။ ထူးခြားဆန်းပြားတာတစ်ခုက ဦးအောင်မြင့်က ကျွန်တော့်ကို ဘယ်သူမှ မခေါ်တဲ့ ‘’ငထိန်’’ လို့ ငယ်ပေါင်းကြီးဖော်တစ်ယောက်လို ခေါ်ပါတယ်။အဲ့အချိန်ဟာ ကျွန်တော်က ‘တော်တော် သောက်သောက်စားစား၊ရမ်းရမ်းကားကား’ ဖြစ်နေတဲ့အခါမှာ နှစ်ယောက်သားဟာ တော့်တော့်ကို အတွဲညီခဲ့ပြီး သောက်ကြ၊ သူရေးဖြစ်တာတွေကို ပြောဖြစ်ခဲ့ကြပါတယ်။
အခုခေတ်မှာတော့ ပန်းချီအနုပညာနဲ့ပတ်သက်ပြီးတော့ အနုပညာကျောင်း ၊ယဉ်ကျေးမှု တက္ကသိုလ်တွေနဲ့၊ ပုဂ္ဂလိကသင်ကြားမှုတွေ အများကြီးရှိလာပါပြီ။ ၁၉၉၅၊ ၁၉၉၆ ခုနှစ်တွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေအရ ပန်းချီပညာကို လေ့လာလိုက်စားဖို့ရာ အလွယ်တကူ ရှိမနေခဲ့ပါဘူး။ ပန်းချီအနုပညာနဲ့ပတ်သက်တဲ့ စာအုပ်စာပေတွေ ဆိုတာလည်း အင်မတန်မှကို ရှားပါးလှပါတယ်။ အဲ့ကာလမှာ ကျွန်တော်၊ ကိုစံမင်း၊ ကိုတီးတို၊ ကိုဝင်းသိန်း၊ ဒေါ်ခင်ဆွေဝင်း၊ ကေမျိုး၊ ကိုညိုဝင်းမောင် တို့ဟာ တနင်္ဂနွေ ညနေတိုင်း Inya Gallery မှာ ဆုံကြပါတယ်။ ငြိမ်းချမ်းစု၊ လင်းဝဏ္ဏ၊ ကိုစိုးနိုင် တို့လည်း ရန်ဖန်ရန်ခါလာကြပါတယ်။ ဦးအောင်မြင့်ရဲ့ ဇနီး အန်တီစိုးစိုးဟာ သံရုံးအဖွဲ့အစည်းနဲ့ နီးစပ်တဲ့သူ တစ်ယောက် ဖြစ်တာကြောင့် နိုင်ငံခြားကလာတဲ့ အနုပညာနဲ့ပတ်သက်တဲ့ စာအုပ်စာပေ အသစ်အဆန်းတွေကို Inya Gallery မှာလေ့လာဖတ်ရှုလို့ရနိုင်ပါတယ်။ အဲဒါကြောင့်မလို့ ကိုထိန်တို့က ညနေခင်းဆိုလျှင် Inya မှာ စုပြီးသောက်ကြရင်းနဲ့ တညနေကို အတူတကွကုန်ဆုံးကြတယ်။ သိရှိထားတဲ့သတင်းတွေ၊ ပြပွဲသတင်းတွေအပြင် တစ်ယောက်လက်ရာတစ်ယောက် အပြန်အလှန်ဝေဖန်တာတွေကို ပြုလုပ်ခဲ့ကြတယ်။ ဒီတနင်္ဂနွေညနေခင်းလေးမှာ တွေ့ဆုံဆွေးနွေးနေကြ အဖွဲ့အစည်းက ပြောရမယ်ဆိုလျှင် Formal မဟုတ်တဲ့ Study Group လေးတစ်ခုဖြစ်နေပြန်တယ်။ အဲ့ကျတော့မှ သူကနေ ‘ဟျောင့်ငထိန် မင်းဒီစာအုပ်ယူသွား ဒါကိုသေသေချာချာကြည့်’ ဆိုပြီးပြောတဲ့အခါ ကိုယ်ကယူသွားပြီး တစ်ပတ်ကြည့်ဖြစ်တယ်။ နောက်တစ်ပတ်ပြန်လာတဲ့အခါ အဲ့စာအုပ်ကို ပြန်ယူလာပြီး ဆွေးနွေးကြ၊ နောက်တစ်အုပ်နဲ့ လဲကြ ပြုလုပ်ဖြစ်တယ်။ Inya Gallery ဟာ ကျွန်တော်တို့အတွက် အနုပညာလက်ရာတွေကို ပြသတဲ့ Platform တစ်ခုသာမဟုတ်ဘဲ၊ Study Group အနေနဲ့ပါ အရေးပါပါတယ်။ ‘Inya Gallery နဲ့အတူခွဲလို့မရတာကတော့ ဦးအောင်မြင့်’ ပါပဲ။ ကျွန်တော်တို့က လူငယ်ပီပီ တက်တက်ကြွကြွရှိတဲ့အတွက်ကြောင့် ဦးအောင်မြင့်က ညီတစ်ယောက်လို ချစ်ခင်တယ်၊ ဂရုစိုက်တယ်။ အဲ့အချိန်မှာ ကျွန်တော်က အနုပညာနယ်ထဲ စဝင်ခါစဖြစ်တဲ့အချိန်မှာ ငွေရေးကြေးရေးကအစ အဆင်မပြေဘူး။ အဲ့တော့တတ်နိုင်သလောက် ကူညီစောင့်ရှောက်၊ဂရုစိုက်ကြတယ်။ အဲဒီအချိန်တွေမှာ ကျွန်တော်ထင်သလို ရေးတဲ့ရမ်းတဲ့ လက်ရာမျိုးဟာ ရန်ကုန်မြို့မှာရှိနေတဲ့ Gallery တော်တော်များများမှာ ပြသဖို့ အခက်အခဲ တော်တော်များများရှိခဲ့တယ်။ Inya ကတော့ အချိန်မရွေးပဲ။ အဲ့အတွက်ကြောင့် ကျွန်တော်တို့လို လူငယ်အနုပညာရှင်များအတွက် Inya Gallery ဟာ အများကြီး အရေးပါရှိပါတယ်။ နောက်တခုကတော့ lokanat Gallery မှာ မန်နေဂျာကြီး ဦးအောင်ထွန်းရှိတဲ့အချိန်မှာ အမြဲချိတ်ဆွဲ ပြသထားလို့မရဘူး။ ကိုယ့်ပြပွဲရှိတဲ့ရက်သာ အခကြေးငွေနဲ့ ပြသရတယ်။ Group Show တွေထဲမှာ ပြသလို့ရတယ်။ ခေတ်ပေါ်ပန်းချီလက်ရာတွေကို ကိုယ့်ကိုကိုယ် သေချာဖော်ထုတ်ဖို့ဆိုရင် Inya Gallery ဟာ အကောင်းဆုံးပါပဲ။
၁၉၉၆ခုနှစ်တွင် ကျွန်တော်ရဲ့ဝင်ငွေအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြုနိုင်ဖို့အတွက် သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့တယ်။ ကျွန်တော် သရုပ်ဆောင်လောကထဲ ဝင်တဲ့အချိန် တရက်မှာတော့ တနင်္ဂနွေညနေ အုပ်စုစကားဝိုင်းမှာ အနုပညာပုံစံသစ် ၂ ခုအကြောင်း ဆွေးနွေးဖြစ်၊ မျှဝေဖြစ်ကြတယ်။ ၎င်းတို့ကတော့ Installation Art , Performance Art တို့ဖြစ်တယ်။ အဲ့အချိန် အနုပညာမဂ္ဂဇင်းတခုရဲ့ ဆောင်းပါးမှာ Performance Art အကြောင်းပါတယ်။ နောက်တခုက ဦးအောင်မြင့်စီမှာ Album တခုရှိတယ်။ ထုတ်ယူလာပြီး ကျွန်တော့်ကိုပြတယ်။ အဲဒါက Singapore ရဲ့အနုပညာရှင်တစ်ဦးရဲ့ Street Preformance လုပ်တဲ့ ပတ်စ်ပို့ဆိုဒ်အရွယ် ဓာတ်ပုံတွေပဲ ဖြစ်တယ်။ Performance Art ဆိုတဲ့ အနုပညာလက်ရာတခုက ကမ္ဘာမှာ တော်တော်တွင်ကျယ်လာပြီ။ အထူးသဖြင့် အမေရိကားဘက်မှာ တွယ်ကျယ်လာပြီး အာရှဘက်မှာလည်း လုပ်နေတဲ့သူတွေရှိပြီ။ ဒီအနုပညာပုံစံက ဘယ်လိုလဲ?။ ဆောင်းပါးထဲရေးထားတဲ့အထဲမှာ ဦးအောင်မြင့်က သူသိသလောက်ပြောတာကတော့ အနုပညာဆိုတာ တဖက်က ကိုယ့်ကိုယ်ကို ဖော်ထုတ်ရတယ်။ အထူးသဖြင့် Artist ကိုယ်တိုင်က ကိုယ့်ကိုယ်ကို အနုပညာပစ္စည်းတစ်ခုအဖြစ် လက်နက်တစ်ခုအဖြစ် ဖော်ထုတ်ပြသရတယ်။ အဲဒီအချိန်မှာ ကျွန်တော်ဟာ သရုပ်ဆောင်တဲ့အလုပ်ပါ လုပ်နေတာဆိုတော့ ဦးအောင်မြင့်၊ ကိုစံမင်း၊ ကိုတီးတို၊ မခင်ဆွေဝင်းတို့ဟာ ကျွန်တော့်ကို Performance Art ကိုစပြီးလုပ်ဖို့ တညီတညာတည်း တိုက်တွန်းကြတယ်။ ဦးအောင်မြင့်က ‘’ငါတို့ထဲမှာ Performance Art စမ်းလုပ်ဖို့၊ စလုပ်ဖို့ အသင့်တော်ဆုံးက ငထိန် မင်းပဲ။ မင်းလုပ်ကြည့်ကွာ ၊ ဘယ်လိုဖြစ်မလဲ ငါတို့အားလုံးသိချင်တယ်’’ လို့ ပြောခဲ့ပါတယ်။
အဲဒီလိုနဲ့ ၁၉၉၆ခုနစ် စက်တင်ဘာတွင် လောကနတ်မှာ Solo Show လုပ်တော့ ပြပွဲနောက်ဆုံးရက်မှာ Street Performance ကိုစပြီးလုပ်ခဲ့တယ်။ လောကနတ်ပြခန်းကနေ ပန်းဆိုးတန်းလမ်းမတလျှောက်ထွက်ပြီး ကန်တော်လေးဘက်အထိပေါ့။ Modern နဲ့ Post-modern အနုပညာအကြောင်းကိုရေးသားဖော်ပြတဲ့ ဆရာငြိမ်းအေးအိမ်၊ မင်းထက်မောင်တို့ရဲ့ သရဖူ မဂ္ဂဇင်းမှာ Performance Art နဲ့ပတ်သက်ပြီး ပရိသတ်ကိုမိတ်ဆက်ချင်တယ်ဆိုပြီး အင်တာဗျုးအမေးအဖြေလုပ်ခဲ့ပါတယ်။ Street Performance တခုဆက်လက်ပြီး လုပ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ အဲ့တာကြောင့် လမ်း ၃၀ ထိပ် ၊ ဗိုလ်ချုပ်လမ်းပေါ်မှာ ထပ်ပြီး ပြသဖြစ်ခဲ့ပါတယ်။ ဆရာငြိမ်းအေးအိမ်က ဓာတ်ပုံတွေရိုက်ပြီး သရဖူမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။ ၁၉၉၇ ခုနှစ် ယုဒသန်မှာ ကိုပိုပို က Solo Show လုပ်တယ်။ ပန်းချီကားမပါဘဲ Installation Art တွေ ၊ Project တွေပြသခဲ့တယ်။ အဲ့ပြပွဲရဲ့နောက်ဆုံးရက်မှာ သူကလည်း Performance တခုလုပ်တယ်။ အဲ့တာကလည်း သရဖူမဂ္ဂဇင်းမှာ ‘အုတ်အော်သောင်းနင်း’ ပါပဲ။ အဲဒီကာလမှာ ယုဒသန်မှာပဲ ဦးအောင်မြင့်ဟာ Solo Show လုပ်တော့ သူပြသတဲ့ Installation Art တွေဟာ လူတွေတအံ့တဩ ဖြစ်ခဲ့ရပါတယ်။ ဘာလို့ဆိုတော့ သူ့ရဲ့အနုပညာပြသမှုတွေမှာ မြန်မာပြည်မှာ အရင်က ပြသနေတဲ့ ပွဲတွေနဲ့မတူဘဲ ထူးခြားဆန်းပြား ကွဲပြားနေပါတယ်။ အဲဒီပြပွဲမှာ ပြသခဲ့တဲ့ ‘မင်္ဂလာဦးည’ဆိုတဲ့ Installation ပြကွက်မှာဆိုရင် ဖျာလေးတစ်ချပ်ခင်းထားပြီး ခေါင်းအုံးလေးတစ်ခုနဲ့ အဝတ်တန်းလေးမှာ အမျိုးသားနဲ့ အမျိုးသမီး လုံခြည်လေးတစ်ခုစီ ချိတ်ဆွဲထားပြီး အရိပ်ပြထားတဲ့ပြကွက်လေးဟာ အမှတ်ရနေဆဲပါ။ အဲဒီအချိန်ဟာ Modern နဲ့ Post-modernနဲ့ Contemporary ကူးတဲ့ အစောပိုင်းကာလတွေဖြစ်ခဲ့ပါတယ်။ အဲ့တာကို ငြိမ်းအေးအိမ်က အသေးစိတ် ဓာတ်ပုံရိုက်ယူပြီး သရဖူမဂ္ဂဇင်းမှာ စာမျက်နှာ အများကြီးနှင့်တကွ ဖော်ပြခဲ့တယ်။
၁၉၉၇ နွေရာသီမှာ နွေဦးကဗျာဆိုပြီး နတ်မောက်ပန်းချီပြခန်းမှာ ကိုအောင်ချိမ့်၊ MSO၊ ကိုမုတ်သုံ၊ မင်းဇော်၊ စန္ဒာခိုင် တို့နဲ့ Underground Show လေးတစ်ခုလုပ်တော့ ကျွန်တော်က Performance ပြပါတယ်။ အဲ့အချိန်မှာ ဦးအောင်မြင့်က တကယ့်ကို အသိအမှတ်ပြုခဲ့တယ်။ အဲဒီတုန်းက ပြသခဲ့တဲ့ ခန္ဓာကိုယ်မှာအနီရောင်ဆေးတွေနဲ့ ၊ ကလေးအနှီးကိုပတ်ပြီး Performance ပြတော့ ဦးအောင်မြင့်က အဲဒီမှာသုံးတဲ့ ဆေးအနီတွေပေနေတဲ့ ကလေးအနှီးကို ဘောင်ကျက်ပြီး သိမ်းထားဖို့ တိုက်တွန်းပြောကြားပါတယ်။ ရှိုးပြနေတဲ့ တစ်လျှောက်လုံး မှာလည်း သေချာလေး အာရုံစိုက်ပြီး ဓာတ်ပုံမှတ်တမ်းတွေကို ဦးအောင်မြင့်ကိုယ်တိုင် ရိုက်ကူးပေးခဲ့ပါတယ်။ ငြိမ်းအေးအိမ်ကလည်း မှတ်တမ်းများကို ရိုက်ကူးခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်းမှာ အကျဉ်း(၇)နှစ်ကျပြီး ထောင်ထဲမှာလည်း Portrait တွေ တော်တော်များများရေးခဲ့တော့ ဦးအောင်မြင့်၊ ကိုစံမင်း၊ ကိုအေးကို စသဖြင့် သူတို့ရဲ့ပုံတူတွေကို ရေးခဲ့ပါတယ်။
ထောင်ထဲကထွက်လာပြီး (၇) နှစ်အကြာ Inya Gallery ကိုရောက်ခဲ့ပြန်တော့ အရင်လိုပဲ ထုံးစံအတိုင်း နွေးထွေးစွာကြိုဆိုကြပါတယ်။ အရင်ကထက် ပိုပြီးနွေးထွေးစေတာကတော့ ဦးအောင်မြင့်ရဲ့ဇနီးအန်တီစိုးက ‘ဟာ…..ထိန်ထိန်ပြန်လွှတ်လာပြီဆိုပြီး’ အထဲမှာရေးခဲ့တဲ့ ပန်းချီကားတွေကိုလည်း မကြောက်မရွံနဲ့ Inya Gallery မှာချိတ်ဖို့ပြောပါတယ်။ အဲအချိန်မှာတော့ မြန်မာပြည်မှာ Performance Art တွေအတော်များများ ပျံနှံနေပါပြီ ။ နိုင်ငံခြားသွား ပြီးလုပ်တဲ့သူတွေလည်းရှိနေပြီ။ ဂျပန်ကအဖွဲ့တွေနဲ့ ကိုထိန်တို့ပေါင်းပြီး Inya Gallery မှာ Performance လုပ်ကြတယ်။ ကိုထိန်လည်း အိမ်ထောင်ကျပြီး နိုင်ငံခြားရောက်သွာတယ်။ ၂၀၁၃မှာ ပထမအကြိမ် မြန်မာပြန်ပြည်ရောက်တော့လည်း Inya Gallery ကိုရောက်ခဲ့ပြန်ပါတယ်။ ဦးအောင်မြင့်ကို ထိုင်စောင့်နေစဉ် သူ့Solo Show ပွဲတုန်းက Vinyl တခုထဲမှ သူရဲ့ Portrait ပုံကို ဆော့ပင်ဖြင့် ကိုယ်ရောက်လာမှန်းသိအောင် အိမ်ရဲ့အုတ်နံရံမှာ One Line ဖြင့်ရေးထားခဲ့ပြီးနောက် လန်ဒန်သို့ပြန်သွားခဲ့တယ်။ မကြာမီမှာ မြန်မာပြည်ပြန်လာတယ်။ Inya Gallery ကို ဖျက်ပြီး အိမ်ပြန်ဆောက်မယ်လုပ်တော့ အဲ့ပန်းချီရေးထားတဲ့ အုတ်နံရံကို ယူဖို့ အမျိုးမျိုး ကြံဆပေမယ့်လည်း အဆင်မပြေတဲ့အတွက် မှတ်တမ်းဓာတ်ပုံပဲ ယူထားလိုက်ရတယ်။
နောက်ပိုင်းမှာ Inya Gallery ဆိုတာ ပြပွဲတွေပြသတာ မရှိတော့ပေမယ့် ဦးအောင်မြင့်ရဲ့ အနုပညာတွေကတော့ ဆက်ရှိနေဆဲပါ။ Mother & Child ကစပြီး နိုင်ငံတကာ အနုပညာအသိုင်းအဝိုင်းမှာ ဝင်ဆံ့နိုင်ခဲ့တဲ့ မော်ဒန်ပန်းချီလောကရဲ့ မာစတာ တစ်ဦးဖြစ်တဲ့ ဦးအောင်မြင့်နဲ့ ကျွန်တော်နဲ့ နောက်ဆုံး ဆုံခဲ့တာကတော့ ကျွန်တော် Art Curator အဖြစ်ပြုခဲ့လုပ်ခဲ့ပြီး ဝန်ကြီးများရုံးများကျင်းပတဲ့ 7 Decades Exhibition မှာ ဦးအောင်မြင့်ကို Performance Art လုပ်ဖို့ဖိတ်ခေါ်ခဲ့ပေမယ့် ကျန်းမာရေး အခြေအနေကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ သူက Instruction ပေးပြီးတော့ ကိုအေးကို ကို အစားထိုးပြီးသာ ပြသခိုင်းခဲ့ပါတယ်။
ပန်းချီအောင်မြင့်ဆိုတာ Modern , Post-modernနဲ့ Contemporary ပန်းချီအနုပညာ လုပ်ရှားမှုတွေမှာ သူယုံကြည်ခဲ့တဲ့အရာကို အခိုင်အမာရပ်တည်ပြီး လျှောက်ခဲ့တဲ့ အနုပညာရှင် တစ်ဦးဖြစ်သလို Inya Gallery ဆိုတာ ကျွန်တော်တို့လို အစောပိုင်း Modern နဲ့ Post-modernနဲ့ Contemporary လမ်းကို လျှောက်လှမ်းတဲ့ လူငယ်အနုပညာရှင်တွေအတွက် Platform တစ်ခု၊ Study Group တစ်ခုဖြစ်ခဲ့ပါတယ်။ အခုလိုမျိုး Artist Aung Myint ရဲ့ အနုပညာဘဝခရီးလမ်း တစ်လျှောက်မှာ ဖြတ်သန်းရေးဆွဲပုံဖော်ထားခဲ့တဲ့ အနုပညာလက်ရာတွေကို ဖော်ပြတဲ့ဒီပွဲမှာ ဦးအောင်မြင့်နဲ့ ပတ်သတ်ပြီးတော့ ရေးသားခွင့်ရတာ ကျွန်တော့်အတွက် တကယ့်ကို အမှတ်တရ homage ဖြစ်စေပါတယ်။
#Zero_To_Inifinity #solo_exhibition #Artist_Aung_Myint #myanmarahla_gallery #kalaaartspace #artissharing
#ဆရာအောင်မြင့်ပြောတဲ့မိုဒန်(modern art)အကြောင်း
အပိုင်း(၂)
(English version below)
“ဘယ်ပညာမှ ရပ်မနေပါဘူး။ ခေတ်ရေစီးကြောင်းအရ လွန့်လူးရုန်းထွက် ရှင်သန်နေတာပါ။ ရပ်နေတယ်ဆိုရင်သေပြီပဲ။ အမြဲကြံဆစိတ်ကူးပြီး တခါတရံ မမျှော်လင့်မထင်မှတ်ဘဲ တွေ့လိုက်မြင်လိုက် ရုတ်ချည်းဖြတ်ခနဲ အမြင်အာရုံ အတွေးအာရုံကို စုပ်ယူဖမ်းဆီးခံစားပြီး ရိုးရိုးသားသား သန့်သန့်ရှင်းရှင်းနဲ့ အကောင်အထည်ပေါ်အောင် ဖော်ပြလိုက်တာမျိုးတွေကို မိုဒန်မှာ တွေ့ရမြင်ရနိုင်ပါတယ်။
ဥပမာ-လေလွင့်မျောပါနေရင်း ပြောင်းလဲသွားတဲ့ တိမ်တိုက်တွေ၊ လူးလွန့်လှုပ်ခတ်သွားတဲ့ ဇာခန်းဆီးလိုဟာတွေ၊ နံရံကြမ်းပြင်စတဲ့ နေရာတွေမှာ အမှတ်မထင် စွန်းထေးကွက်ထင်နေတဲ့အရာတွေစသဖြင့်ပေါ့။”
“မိုဒန်နဲ့ ပတ်သက်ပြီးပြောရရင် မဖြီးနဲ့၊ ဖြီးတာနဲ့သိကြမယ်၊ သိတယ်၊ မညာနဲ့၊ ညာတာနဲ့သိကြမယ် သိနေတယ်။ ဒီမှာရိုးသားဖို့ကအရေးကြီးတယ်။ ခံစားမှုနဲ့ရေးတာ-အဲ စျာန်ဝင်လို့ရေးတာနဲ့ ရမ်းပြီးသမ်းပြီးရေးတာ ခွဲပြီးသိတယ်။ ပေါ့ပေါ့မတွက်နဲ့၊ မရဘူး၊ သူ့ပုံစံ၊ သူ့ပေတံ၊ သူ့အထွာ၊ သူ့အထာ၊ သူ့နည်း၊ သူ့စနစ်၊ သူ့အတိမ်အနက်၊ သူ့နဂို၊ သူ့နည်းစနစ်စတာတွေ၊ ဘောင်တွေ၊ ကလနားတွေရှိတယ်။ ဒါပေမဲ့ လွတ်လပ်တယ်၊ ပေါ့ပါးတယ်ထင်ရမယ်။ လုပ်ယူလို့မရဘူး၊ သင်ပေးလို့လဲမရဘူး၊ တကယ်ကြိုးစားမှု၊ အတွေ့အကြုံများမှ တကယ်ခံစားမှုရှိမှ၊ လိုအပ်ရင်ဘဝကိုပါနှစ်မြှုပ်ပြီးလုပ်မှ၊ တိုးမှတိုက်မှ၊ ရေးမှ၊ ဖေါ်မှ၊ ထူးခြားတဲ့ပါရမီအခံရှိဖို့လဲ လိုမယ်ထင်တယ်။မိုဒန်မှာ အရေးကြီးတာက လောဘသတ်တတ်ဖို့၊ ရပ်တတ်ဖို့လိုမယ်။”
သူပြောခဲ့သလိုပဲ
သူ့ရဲ့နောက်ပိုင်းလက်ရာ အတော်များများမှာ လောဘသတ်ထားတာတွေ တွေ့ရပါလိမ့်မယ်။ အရောင်တစ်ခုတည်း သို့တည်းမဟုတ် အနက်နဲ့အခြားတရောင်ကိုသာ ရောစပ်ယှဥ်တွဲသုံးစွဲထားတာတွေ၊ အနီနဲ့အနက်ရဲ့ပြင်းအားနဲ့ သူ့စိတ်ခံစားမှု ပေါင်းစပ်ထားတဲ့ လက်ရာတွေက သူ့ရဲ့ရိုးရှင်းမှုနဲ့ အဇ္ဈတ္တသဏ္ဍာန်ကို အထင်းသား မြင်တွေ့နေရပါတယ်။
(English Version)
“No art stops. According to the current of age, art tries to survive. To stop mean to die. In Modern Art, you can see the concept that an artist will have to grab the imagination he or she gets suddenly and will have to turn it into a work of art with the help of simplicity. For instance, the clouds floating with breeze just like the curtain fanned by the breeze. The stains on the floor etc. “Don’t make any piece of Modern Art without knowing what Modern Art really is. Here “simplicity” matters most. The difference between making art with emotion or intuition and making art without any knowledge about art is very visible. Don’t underestimate Modern Art. Modern Art has its own style, its own rules, its own theories, its own freedom. One might think that it is easy to make the artwork of Modern Art. It is impossible to make intentionally without knowledge. It is impossible to teach. It demands real efforts, real experience and real emotion. If necessary, one will have to bury his or her own life in art. Besides, one needs talent, too. What matters in Modern Art is to rein and brake your greed.” As he has already said, in his later works of art, you can see the fact that he always brakes his greed: he uses only mono colors or two colors- black and the other color. With the force of red and black, he tries to combine his emotion with his works. The other things we can be aware of in his works are his “simplicity” and his “inner-self”.
Written by Htoo Aung Kyaw
Translated by Kè Su Thar
#ဆရာအောင်မြင့်ပြောတဲ့မိုဒန်(Modern Art) အကြောင်း
အပိုင်း(၁)
“မိုဒန်ရေးတယ်ဆိုပြီး အထင်ကြီးစရာမရှိသလို အထင်သေးစရာလည်း မရှိပါဘူး။ ချီးမွမ်းဖို့လည်းမလိုသလို ပြစ်တင်ရှုံ့ချဖို့လည်း မဖြစ်စေသင့်ပါဘူး။ အကျိုးနဲ့အကြောင်းနဲ့ ဆက်စပ်တွေးခေါ်ဖို့လည်း လိုပါတယ်။
မိုဒန်ရေးတာနဲ့ ရိုးရာကို၊ သမာရိုးကျကို ပစ်ပယ်ထားတဲ့ဟာတွေလို့ ထင်ရင်လည်း မှားပါတယ်။ အဲဒီစိတ်တွေ မရှိရင်၊ ခံစားမှုမထားရင် မိုဒန်ဆိုတာလည်း ဖြစ်မလာပါဘူး။ မိုဒန်ရေးတဲ့လူရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ ရှေးရိုး အယူအဆ အနုပညာခံစားမှုတွေဟာ အများကြီးပါ။
ဘယ်တိုင်းပြည်၊ ဘယ်သူမျိုးမဆို ကိုယ့်ရိုးရာ ကိုယ့်ယဥ်ကျေးမှုကို မစွန့်ပယ်တတ်ပါဘူး။ ရိုးရာဓလေ့စရိုက် အခြေခံအချက်အလက်၊ စည်းမျဥ်းကလနားတွေကို အခြေခံပြီးမှသာ ခေတ်နဲ့လျော်အောင် ခံစားဖန်တီးလို့ရတာပါ။ အလွယ်ဆုံးပြောရရင် ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးစံနည်းနာနိဿျည်း သဘော သဘာဝကို အတန်ငယ်မျှ မစူးစမ်းမလေ့လာဘဲ၊ မသိဘဲ၊ အခြေမခံဘဲ ကျော်လွှားပြီး၊ ကြားဖြတ်ပြီးမှရမ်းသမ်းပမ်းသမ်း မိုဒန်လိုက်ရင် အဲဒီပုဂ္ဂိုလ်ဟာ အရူးပဲ။ ရူးတာမှ ကုမရအောင် ရူးတဲ့ အရူးပါ။
နိုင်ငံတကာအဆင့်ကို တိုးဝင်ဖို့ ခေတ်နဲ့ အမှီအညီ ရင်ဘောင်တန်းလိုက်ချင်လို့၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးဂုဏ်ကို ဖော်ထုတ်ချင်လို့ အပြောခံ၊ အဆိုခံ၊ အဆဲခံ၊ အညိုညင်ခံပြီး မိုဒန် ပန်းချီကို နှစ်ပြီးရေးတဲ့သူတွေ အတော်များများရှိပါတယ်။
ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ သူတို့တွေဟာ ခံယူချက်နဲ့ ယုံကြည်ချက်နဲ့ အညိုးအတေးခံဘဝကို မျက်စိမှိတ်၊ နားပိတ်ပြီး ဇွတ်အတင်းဝင်နေရတာပါ။ ဒီလိုဝင်တိုးရတဲ့ အခါမှာ အများကြီးအများကြီး ချို့တဲ့အားနည်းစွာ ဝင်ရလို့ ထင်သလောက် ခရီးမပေါက်ပါဘူး။ ပြတ်ကျန်နေခဲ့ပါတယ်။ စိတ်ထဲက ခံစားချက်ကို ထိထိရောက်ရောက် ဖော်ကျူးနိုင်ဖို့လိုအပ်တဲ့ ရုပ်ဝတ္ထုပစ္စည်းများ ချို့တဲ့မှုကလဲ ပါတယ်။
သိပ်ပြီးဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တွေရဲ့ ဒီကနေ့ အနုပညာကို လှမ်းမှီ ဆုပ်ကိုင်ဖို့ မရနိုင်သေးပါဘူး။ “အမေကျော် ဒွေးတော်လွမ်းတယ်” ဆိုတဲ့ စကားကို ဒီနေရာမှာ ဖောဖောသီသီ မသုံးသင့်ပါဘူး။ စေတနာ အစစ်အမှန်ကို၊ စိတ်ရင်းဆန္ဒအနက်အနဲကို သေချာစေ့ငစုံစမ်းဆုံးဖြတ်ပြီးမှသာ ဘေသင့်တာဘေသင့်ပါတယ်။ ဆော်သင့်ကလော်သင့်တာ ဆော်ဖို့ကလော်ဖို့ကောင်းတယ်။ တကိုယ်တော်ကောင်းစားရေးအတွက်ဆိုတာ မပါဘူးလို့ မဆိုလိုပါဘူး။ လူပဲ၊ ပုထုဇဉ်ပဲ အနည်းနဲ့အများ ရှိကြမှာပေါ့။ ဒါပေမယ့် စဉ်းစားဆုံးဖြတ်ဝေဖန်သုံးသပ်တဲ့အခါ အပေါ်ယံက မကြည့်ကြ၊ လျှပ်ပြီးမစစ်ကြောကြဖို့တော့ လိုမယ်လို့ထင်ပါတယ်။”
written by Htoo Aung Kyaw
(English Version)
#Modern_Art_by_Artist_Aung_Myint
“It is not necessary to overvalue the artists who make Modern Art pieces. Similarly, it is not necessary to belittle the artists who do not create the Modern Art pieces. We do not need to praise Modern artists the same way that we should not despise non-Modern artists. We need reasonable means of thinking. If you disregard traditional art because you are Modern artist, it is totally wrong. If there is no tradition nor inclination toward traditional art, there will be Modern Art. In the mind of Modern artist, there might be inclination toward traditional art and traditional way of thinking about art. Any artist in any nation does not discard his or her tradition and culture. Only basing on the tradition and the rules made by tradition, it is possible to make art which suits the age in which you are living now. To speak in the most easiest way, without learning traditional theories and rules of art and without any knowledge about traditional theories and rules of art, it is impossible to make new art. To make new art without such knowledge is just madness- incurable madness. There are the Modern artists who buried their lives in the process of making art with the traditional theories and rules of art though they are abused and mocked. They are doing what they believe because they want to step foot into the international art world, to keep abreast with modernity and to depict the attribute and honor of their nation. To exaggerate, they sacrifice their lives in their faith. In reality, the result is not as they hoped. They are left behind. It might be because they have no enough facility to portray their feelings and emotions effectively. It is impossible for us to keep abreast with the art of the very developed nations. We do not use the Myanmar expression “Missing aunt instead of missing mother” (အမေကျော် ဒွေးတော်လွမ်း) here much.
written by Htoo Aung Kyaw
Translated by Kè Su Thar
#Zero_To_Inifinity #solo_exhibition #Artist_Aung_Myint #burmese_ladies_by_artist_Aung_Myint #myanmarahla_gallery #kalaaartspace #artissharing