The Golden Fish

It was perfect just by looking at it, but when filled the Burmese Kanotes, it’s very perfect……..

ရွှေရောင်တလက်လက်နဲ့

ရေထဲမှာ လူးလာပျော်ပါး ကူးခတ်နေသူ

အကြည့်နဲ့တင် ပြည့်စုံနေပေမယ့်

မြန်မာ့ကနုတ်တွေ ထည့်ပေါင်းလိုက်တဲ့ခါ

အလွန်ပြီးပြည့်စုံသွားတယ်…………

ပြီးပြည့်စုံတဲ့ နေအိမ်လေးဖန်တီးနိုင်ဖို့

ရွှေငါးမာစတာ Artist Sai Tun Oo ရဲ့

ရွှေငါးပန်းချီကားလေးနဲ့ အလှဆင်ကြပါစို့။

The look of golden fish by Artist Sai Tun Oo

Size – ( 24 x 30 ) inches

Medium – Acrylic on Canvas

Year – 2023

Price – 700 $ (including frame)

#kalasaartsapce #artspaceinyangon

#artissharing #artoftheday #artistsaitunoo #goldenfish

By on June 10th, 2023 in Blog
The heart of a family

ဘာမှမသိပဲ လူ့လောကကြီးထဲကို လမ်းကြုံပြီး ရောက်လာတဲ့အခါ ဘာမှန်းမသိသေးတဲ့ ကလေးဘဝမှာ ‌တေးသံချိုချိုနဲ့ ချော့‌မြှူပြီး ဆော့ကစားကာ အဖော်လုပ်ပေးခဲ့သူ၊ ဘယ်အချိန်ဖြစ်ဖြစ် ခေါ်လို့မရိုးနိုင်တဲ့ နာမည်လေးတစ်ခုနဲ့ အမြဲတစေအရိပ်လိုလို ဂရုစိုက်ပြီး သွန်သင်ဆုံးမပေးတဲ့သူတစ်ယောက်………

နွေပူပူမှာ အရိပ်တခုကိုခိုနားခဲ့ပေမယ့်လည်း အိမ်နဲ့မိသားစုရဲ့ အရိပ်လောက် မအေးမြခဲ့ဘူး……….

The Heart of A Home: Family by Artist Aye Ko

Year – 2022

#kalasaartspace #artspaceinyangon

#artissharing #artoftheday

By on June 10th, 2023 in Blog
The Beauties of Royal Bagan

ရီဝေဝေ မှိုင်းပြပြ မြို့ငယ်လေးရဲ့အလှက ခမ်းနားလှတဲ့စေတီအိုတွေနဲ့ ရာသီမရွေးလှပနေဆဲဖြစ်သလို ‘အကြွေပန်းနဲ့ ပုဂံလမ်း’ ကိုလည်း လွမ်းမောရင်း တမ်းတမိတယ်………

The Beauties of Royal Bagan by Artist Myo Myint Tun

Year – 2020

#kalasaartspace #artspaceinyangon

#artissharing #artoftheday

By on June 10th, 2023 in Blog
Burmese Culture

Burmese Culture ထဲမှာဆိုရင် ရှင်ပြု၊ နားသ၊ ထိမ်းမြားမင်္ဂလာပွဲတွေ အပြင် နေ့စဉ် လူနေမှု ဓလေ့စရိုက်ထုံးထမ်းအစဉ်အလာတွေ အားလုံးပါဝင်ပါတယ်။

ပန်းချီကားလေးကတော့ ၁၉၇၀ က

ပန်းချီဆရာကြီး ဦးဝဏ်သ Artist Wun Tha ရဲ့ Burmese Culture ကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ သရုပ်ဖော်ရေးဆွဲထားတဲ့ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီဖြစ်ပါတယ်။

ဗမာလူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေအပြင် တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုအလိုက် အလှူ မင်္ဂလာ ဝတ်စားဆင်ယင်မှု ထုံးထမ်းဓလေ့တွေကိုပါ မြင်တွေ့ရမှာပါ။

နှောင်းခေတ်လူငယ်တွေ လေ့လာနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

ဒီ printed ပန်းချီကားလေးကလည်း တစ်ခုတည်းသာရှိတာမို့ ဆရာကြီး ဦးဝဏ်သရဲ့ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီကို ဝယ်ယူစုဆောင်းချင်သူများအတွက် ဘောင်အပါ 50 $ ဖြင့် ဝယ်ယူစုဆောင်းနိုင်တယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

ကလသာပြခန်းမှာ ပန်းချီဆရာကြီးတွေရဲ့ ရှေးပန်းချီလက်ရာတွေလည်း ရှိတာမို့ အချိန်လေးပေးပြီး လာကြည့်လှည့်ကြပါအုံးလို့…..

#kalasaartspace #artissharing

#galleryinmyanmar #artspaceinyangon

By on June 10th, 2023 in Blog
Pan se myo ( Ten Flowers )

ဟိုရှေးခေတ်က မြန်မာအမျိုးသားတွေဟာ

”ဘုရားမတင် နတ်မဝင် လူတွင်ဆယ်ပွင့်ပန်း” ဆိုပြီး တင်စားခေါ်ဝေါ်ကြတဲ့ မြန်မာ့လက်မှုအနုပညာ (၁၀) မျိုးထဲက အနည်းဆုံး အတတ်ပညာ တစ်ခုခုကို မဖြစ်မနေတတ်မြောက်ကြရပါတယ်တဲ့။

သံထည်ထုလုပ်ခြင်းကို ပန်းပဲ

ရွေ၊ ငွေ သွန်းထု ခတ်လုပ်ခြင်းကို ပန်းထိမ်

ကြေးထည်ကိုတော့ ပန်းတဉ်း

အင်္ဂတေ၊ သရွတ်လုံး ရုပ်လုံးရုပ်ကြွပြုလုပ်တဲ့အတတ်ပညာကိုတော့ ပန်းတော့

အုတ်၊ အင်္ဂတေဖြင့် အဆောက်အဦ ပြုလုပ်ခြင်းကိုတော့ ပန်းရံ

သစ်သား၊ ဆင်စွယ်၊ ဖယောင်းကို ရုပ်လုံးရုပ်ကြွ ထွင်းထုသည့်ပညာကို ပန်းပု

ကျောက်သားကို ထုဆစ်သည့် ပညာကိုတော့ ပန်းတမော့

သစ်သား၊ ဆင်စွယ်တို့ကို လိုရာပုံအတိုင်း ချောမွတ်အောင် ပွတ်ခံပြုလုပ်သည့်ပညာကို ပန်းပွတ်

ဆေးရေး၊ ခဲရေး၊ မှင်ရေးဖြင့် ရုပ်ပုံရေးဆွဲသည့် ပညာကို ပန်းချီ

ဝါးနှီး သစ်ပျော့တို့ဖြင့် သစ်စေး၊ သရိုးကိုင် ကာ

လူ့အသုံးအဆောင်များပြုလုပ်တဲ့ပညာကိုတော့ ပန်းယွန်း လို့ ခေါ်ပါတယ်။

မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှုအမွေနှစ် လက်မှုပညာရပ် (၁၀) မျိုးဟာ ရှေးပဝေသဏီကပင် ယနေ့ခေတ်အချိန်အထိ ရိုးရာအစဉ်အလာမပျက် တည်ရှိနေတဲ့ မြန်မာမှု အနုပညာရပ်များဖြစ်ပါတယ်။

ဒါ့အပြင် ပန်းဆယ်မျိုးမှာ မပါတဲ့ တခြားသော

မြန်မာ့အနုပညာရပ်များလည်းရှိပါသေးတယ်။

အဆို၊ အက၊ အရေး၊ အတီး စတဲ့ ဖျော်ဖြေမှု အနုပညာတွေအပြင် အိမ်တွင်းမှုလက်မှုပညာတွေဖြစ်တဲ့ အချုပ်အလုပ် ပန်းထိုးပညာ၊ရွေချည်ထိုးပညာ၊ ရိုးရာရက်ကန်း ပညာတွေဟာလည်း အမျိုးသားတွေနဲ့အတူ အမျိုးသမီးတွေပါ တန်းတူညီတူလုပ်ကိုင်ကြတဲ့ မြန်မာမှုအနုပညာ၊ အတတ်ပညာရပ်တွေဖြစ်ပါတယ်။

“ရေမြင့်မှ ကြာတင့်မည်” ဆိုသကဲ့သို့ မြန်မာမှု မြန်မာ့ရိုးရာအနုပညာတွေကို ငုပ်သျှိုးပပျောက်မသွားအောင် သားစဉ်မြေးဆက် စဉ််ဆက်မပြတ် တန်ဖိုးထားထိန်းသိမ်းဖို့ အားပေးချီးမြှောက်ရန် လိုအပ်ပါတယ်။

ဒီပန်းချီကားလေးကတော့ ပန်းချီဆရာကြီး ဦးလှစိန် (Artist Hla Sein) ရဲ့ ၁၉၆၀ ကျော်နှစ်များလောက်ကရေးဆွဲခဲ့တဲ့ မြန်မာ့အနုပညာတွေအကြောင်း မဂ္ဂဇင်းသရုပ်ဖော်ပန်းချီဖြစ်ပါတယ်။

ရှေးခေတ်ရဲ့ ပန်းချီရေးဟန်နဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို ဘယ်လိုသရုပ်ဖော်ရေးဆွဲသလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါတယ်။

ဆရာကြီးရဲ့ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီ original printed ကို ဝယ်ယူစုဆောင်းချင်သူများအတွက် ဘောင်အပါ 50$ ဖြင့် ဝယ်ယူစုဆောင်းနိုင်ပါပြီ ။

ဆရာကြီး ဦးလှစိန်ရဲ့ ဒီလိုမျိုးလက်ရာ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီလေးကတော့ တစ်ခုတည်းသာရှိတာမို့ မနှေးအမြန် လက်ဦးဖို့တော့ လိုမယ်နော် ။

#kalasaartspace #artissharing

By on June 10th, 2023 in Blog
How to learn art?

ပန်းချီပညာကို လေ့လာသင်ယူတဲ့နေရာမှာ

Casual Method

Self-taught Method

Studio Method နဲ့

Academic Method

ဆိုပြီးတော့ ယေဘုယျအားဖြင့် လေ့လာသင်ယူနိုင်တဲ့ နည်းစနစ်များ (၄) မျိုးရှိပါတယ်။

Casual Method ဆိုသည်မှာ လုပ်ရင်းကိုင်ရင်း တက်မြောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။များသောအားဖြင့် လက်မှုလုပ်ငန်းများမှာ တွေ့ရပါတယ်။ ဟိုဟာဝိုင်းကူ၊ ဒီဟာဝိုင်းကူနဲ့ တက်မြောက််လာသောနည်းဖြစ်ပါတယ်။ အားသာချက်မှာ သိီးသန့်သင်ယူစရာမလိုဘဲ တက်မြောက်နိုင်တာဖြစ်ပြီး အားနည်းချက်မှာ မိရိုးဖလာနည်းအတိုင်းသာ လုပ်တတ်ပြီး ကိုယ်ပိုင်တီထွင်ဆန်းသစ်ဖန်တီးနိုင်ရန် အားနည်းတတ်ခြင်းပင်ဖြစ်တယ်။

Self-taught Method ဆိုသည်မှာ ဆရာနှင့် သင်ကြား၊ သင်ယူခြင်းမဟုတ်ဘဲ မိမိဘာသာရှာဖွေလေ့လာ သင်ယူနည်းဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ပင်ကိုယ်ဝါသနာဗီဇ အားကောင်းသူများတွင်သာ တွေ့ရတတ်တယ်။ ပန်းချီဆရာကြီး ဦးကြီးမြင့်စောမှာ ကိုယ့်ဘာသာရှာဖွေလေ့လာတတ်မြောက်သူ Self-taught artist လို့ပြောနိုင်ပါတယ်။ ဆရာက အခြေခံပညာကျောင်းတက်စဉ်က ရသချိန်မှာ ပန်းချီအနည်းငယ်သာ ထိတွေ့ခွင့်ရခဲ့တယ်။ စီးပွားရေး တက္ကသိုလ် ကထိကဆရာဘဝတွင် ရန်ကုန်တက္ကသိုလ် ပန်းချီအသင်းရှိသော်လည်း မတက်ရောက်ခဲ့ဘဲ မိမိဘာသာ လေ့လာသင်ယူခဲ့သူဖြစ်တယ်။ Self-taught Method ရဲ့ အားနည်းချက်မှာ ပင်ကိုယ် ပါရမီပါသူ မဟုတ်လျှင် တဝဲလည်လည်ဖြစ်ပြီး လမ်းပျောက်တတ်ပါတယ်။

Studio Method မှာ ဆရာတစ်ဦးထံတွင် တပည့်ခံပြီး သင်ယူခြင်းနည်းဖြစ်တယ်။ အားသာချက်ကတော့ ဆရာ၏ အရေးအဖွဲ့နည်းစနစ်များကို ပီပီပြင်ပြင်ရနိုင်ခြင်းဖြစ်တယ်။ အားနည်းချက်ကတော့ လူများများလက်ခံသင်ကြားမပေးနိုင်ခြင်းဖြစ်ပြီး ရေးနည်း၊ ရေးဟန်များမှာ ဆရာနဲ့တူနေတတ်ပြီး၊ ဆရာ့လောင်းရိပ်မှ သီးသန့်ခွဲထွက်ရန် အချိန်ယူရခြင်းဖြစ်တယ်။

Academic Method မှာ သင်ရိုး၊ မာတိကာ၊ သင်ရိုးညွှန်းတမ်း၊ သင်တန်းအချိန်ကာလများ အတိအကျပြဌာန်းသတ်မှတ်ပြီး သင်ရိုးကုန်အောင် သင်ယူ/ သင်ကြားတဲ့နည်းဖြစ်တယ်။ ဘယ်ပညာရပ်မဆို Academic Method နည်းဖြင့် သင်ယူနိုင်ပါတယ်။ အားသာချက်မှာ ဘာသာရပ်အလိုက် သင်ကြားသော ဆရာများနဲ့ထိတွေ့ခွင့်ရခြင်း၊ ကျောင်းသားအချင်းချင်းရင်းနှီးပြီး အပြန်အလှန် တိုင်ပင်ဆွေးနွေးနိုင်ခြင်းဖြစ်တယ်။ အရည်အချင်းစစ်ဆေးပြီး အသိအမှတ်ပြုပေးနိုင်တယ်။ အခြေခံအားကောင်းပြီး ဆက်လက်လေ့လာရန် လွယ်ကူတယ်။ ရေးနည်းရေးစနစ်အားလုံးကို သင်ယူနိုင်တယ်။ အားနည်းချက်မှာ သင်ယူတက်မြောက်ရန် အချိန်များစွာပေးရတယ်။ ကိုယ်ပိုင်အတွေးအမြင်၊ အယူအဆ ရရှိရန် ဇွဲသန်ရတယ်။

သင်ကြားသင်ယူခြင်း ‌ခေတ်စနစ်ပေါ်မူတည်သလို ဗီဇပါရမီနှင့်လည်းဆိုင်ပါတယ်။ ဗီဇအားကောင်းသူက ကိုယ့်ဘာသာလေ့လာတတ်မြောက်နိုင်ကြတယ်။ သို့သော်လူတိုင်းအတွက် မဖြစ်နိုင်ပါ။ မသင်ယူဘဲ တတ်မြောက်ထူးချွန်နေသူများမှာ Self-taught အမျိုးအစားဖြစ်တယ်။ Casual Method မှာ ပန်းချီသင်ကြားခြင်းအတွက် မထိရောက်နိုင်ပါ။ Academic Method မှာတော့ လူတိုင်းအတွက် လက်လှမ်းမီတဲ့နည်းဖြစ်သော်လည်း တက္ကသိုလ်ကျောင်းများမှာ တက်ရောက်ရန် အသက်၊ ပညာအရည်အချင်း၊ ကန့်သတ်ချက်များ ရှိနေပြန်ပါတယ်။ နည်းလမ်းများအားလုံးမှာ အားသာချက်/ အားနည်းချက်များ ရှိစမြဲပါ။

ပညာသင်ယူရာမှာ နည်းလမ်းတစ်ခုတည်းနှင့် မပြည့်စုံနိုင်ပါ။ ပထမဆုံး Academic Method ဖြင့်သင်ယူ၊ ကိုယ်လေးစားအားကျရတဲ့ ဆရာထံမှာ Studio Method ဖြင့်ထပ်မံလေ့လာသင်ယူပြီးလျှင် မိမိဘာသာဖြည့်ဆည်းလေ့လာခြင်း Self-taught Methodဖြင့် လေ့လာပြီးလက်တွေ့လုပ်ဆောင်မှ ထိရောက်ပြည့်စုံသော နည်းဖြစ်မည်ဟု ထင်ပါသည်။

Ref# Art Knowledge compiled by Art educator M.Tun Aung

P.S ဆရာအမ်ထွန်းအောင်ရဲ့အသစ်ထွက်ရှိထားတဲ့

ပန်းချီသင် လူငယ်များနှင့် ဝါသနာရှင်များအတွက် ပန်းချီပညာရပ်ဆိုင်ရာ ဗဟုသုတစာစုများ စာအုပ်ကို ကလသာအနုပညာပြခန်းမှာ လာရောက် လေ့လာဖတ်ရှု ဝယ်ယူအားပေးနိုင်တယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

#KaLaSaArtSpace #artissharing #artnotes

By on June 10th, 2023 in Blog
The Power of Women

အမျိုးသမီးလို့ပြောလိုက်ရင်

အမြဲတမ်း အမျိုးသားတွေရဲ့နောက်

Second place ကနေပဲ အမြဲရှိခဲ့တာပါ။

ဦးစားပေး၊ အရေးပေး ခံရတဲ့အထဲမှာ အမြဲနောက်ကပါပဲ။

သို့ပေမယ့် ယနေ့ခေတ်မှာတော့

ဒါမျိုးအတွေးအခေါ် ခံယူချက်တွေ သိပ်မရှိတော့ဘူးဆိုသော်ငြားလည်း…ရှိနေဆဲပါ။

အမျိုးသမီးဆိုရင်

သိမ်မွေ့နူးညံ့ရမယ်၊ ဗိုင်းကောင်းကျောက်ဖိ နာခံဝပ်ပြားနေပြီး အိမ်အလုပ်တွေနိုင်နင်းရမယ် ဆိုပြီး ယေဘုယျသတ်မှတ်ကြတယ်။

မြန်မာဆိုရိုးတစ်ခုတောင်ရှိပါသေးတယ်။

“လင်ကိုဘုရား သားကိုသခင်” တဲ့

အရာရာကို တခြားသူအတွက်ဦးစားပေးပြီးမှ မယားဖြစ်သူ၊ မိခင်ဖြစ်သူဟာ အမြဲတမ်း နောက်ကပါပဲ။

ကျွန်တော်တို့ရဲ့ culture မှာဆိုရင်

အမျိုးသမီးတွေဟာ

အိမ်မှာ အလုပ်မှာ ပတ်ဝန်းကျင်မှာ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး ခံစားရတာဆိုတာ အင်မတန် နည်းလှပါတယ်။

တကယ်တော့ သေချာစဉ်းစားကြည့်ရင် ဒါတွေဟာ ယောက်ျား နဲ့ မိန်းမ ခွဲခြားဆက်ဆံခံရတာgender discrimination ပါပဲ။

ကျွန်တော်တို့လူမှုပတ်ဝန်းကျင်မှာ

အမျိုးသမီးဖြစ်ရတဲ့အတွက်

အားငယ်မှု၊ အန္တရာယ်တွေ၊ မလုံခြုံမှုတွေ ကို ပတ်ဝန်းကျင်အသိုင်းအဝိုင်းက

မေးငေါ့အပြစ်တင်ဝေဖန်နေမယ့်အစား

ဝိုင်းဝန်း ကူညီစောက်ရှောက်ပေးဖို့၊

ဖေးမပေးဖို့ရာ အများကြီးလိုအပ်ပါတယ်။

မိခင်တွေ ၊ အမျိုးသမီးငယ်တွေ ၊ အမျိုးသမီးတွေအားလုံးအတွက် လုံခြုံနွေးထွေးတဲ့ ရပ်ဝန်းလေးအဖြစ်၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို အမျိုးသမီးတွေရဲ့စွမ်းအားနဲ့ ရဲဝံ့စွာရင်ဆိုင်ဖို့ရာ ရည်ရွယ်ပြီးတော့

ဒီလမှာ ” The Power of Women” အမည်နဲ့ အမျိုးသမီးပန်းချီကားတွေကို ကလသာ အနုပညာပြခန်းမှာ ပြသသွားမှာဖြစ်ပါတယ်။

လုံခြုံနွေးထွေးတဲ့ ရပ်ဝန်းလေးအဖြစ်၊

အရှိကိုအရှိအတိုင်း လက်ခံနိုင်မယ့်၊ လှပပြီး

ရဲရင့်ထက်မြက်တဲ့ ဦးဆောင်ဦးရွက်ပြုနိုင်မယ့် အမျိုးသမီးလေးတွေရဲ့ စွမ်းအားကို ရယူနိုင်ရန် ပန်းချီဆရာတွေ စိတ်ကြိုက်ခြယ်မှုန်းထားတဲ့”The Power of Women” အမျိုးသမီး ပန်းချီကားတွေ ကို ခံစားကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါစေ ။

#thepowerofwomen #myanmarpaintings #myanmarartist #myanmararts #burmesearts #galleryinmyanmar #ArtSpaceInYangon #Kalasaartspace #Artissharing #womenpaintings

By on June 10th, 2023 in Blog
Kachin Lady

တောင်တန်းက အရိုင်းပန်းရယ် ပွင့်ဖူးလာသူ

ဂျိန်းဖော့သူ

ပြုံးလိုက်တိုင်း ရင်မှာလှိုက်ဖို ငေးမောရသူ

ပျားသကာလို သူ့ရဲ့ စကားလေးတွေက

စိုင်းထီးဆိုင် သီချင်းထဲကလို

တိမ်ခိုးနဲ့ မင်းရေးပမာ ပြောရခက်မလားတော့

သေချာ မသိလေဘူး……..

Artist Maung Nay Kyi

Size (24×48)inches

Year – 2018

#ဂျိန်းဖော့သူ

#kalasaartspace #artspaceinyangon

#artissharing #artoftheday #thepowerofwomen

#galleryinmyanmar #myanmarart

By on June 1st, 2023 in Blog
Paintings of the week

Sunday လေး ရောက်လို့လာပြီနော်

မိုးရွာလေတိုက်လို့ အပြင်မထွက်နိုင်သူတွေအတွက်

ဒီတစ်ပတ်မှာတော့ Paintings of the week ကနေ Affordable Prices နဲ့ ပန်ချီကားလေးတွေကို

Online Sales အဖြစ် တင်ဆက်ပေးလိုက်ပါတယ်

Regular Sale $300 နဲ့ရောင်းလေ့ရှိတဲ့ ကားလေးတွေက်ို

ကလသာရဲ့ပင်တိုင်ပရိတ်သတ်တွေအတွက်

Special Price အနေနဲ့ မြန်မာငွေ သုံးသိန်းကျပ်နဲ့

ပိုင်ဆိုင်ခွင့်ရအောင် စီစဉ်ပေးထားပါတယ် ။

ကလသာရဲ့ ရယ်ရွယ်ချက်ကတော့ လူတိုင်းအိမ်တိုင်းမှာ

ကိုယ့်စိတ်နှလုံးကြည်လင်စေဖို့ ပန်းချီကားလေးတွေ ချိတ်ဆွဲထားနိုင်ဖို့ပဲဖြစ်ပါတယ် ။

အားလုံးသိကြတဲ့အတိုင်း ကလသာက ပန်းချီကားတွေက

ပုံထဲမှာထက် အပြင်မှာ ပိုလှတယ်ဆိုတာ

အားလုံးပဲ အန္တရာယ်ခပ်သိမ်း ကင်းရှင်းကြပါစေ

လူတိုင်းပန်းချီကားလေးတွေ ပိုင်ဆိုင်နိုင်ပါစေ။

#weekendspecialsales #kalasaartspace #ArtisSharing #galleryinmyanmar #myanmarartist #myanmarart #myanmarpainting

By on May 17th, 2023 in Blog
Lady Phoenix

ရင်ဖုံးအင်္ကျီနဲ့ချိတ်ထမီကို ဝတ်ဆင်ထားပြီး ဗမာဆံထုံးနဲ့

ဆေးဆိုးပန်းရိုက်ထားခြင်း မရှိတဲ့မျက်နှာကလေးက လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ နှင်းဆီပန်းလေးလိုတော့ လှပပြီး ဆူးတွေနဲ့ ဝန်းရံထားရင်း

မာယာတွေမများလောက်ဘူးထင်မိပါရဲ့……

အမျိုးသမီးငယ်လေးရေ………..

Lady Phoenix by Artist Aung Ko

size – (18×18)inches

year-2022

#kalasaartsapce #artspaceinyangon #galleryinmyanmar #myanmarartist #burmeseart #myanmarart

#artissharing #artoftheday #thepowerofwomen

By on May 17th, 2023 in Blog
© 2019-2023. All Right Reserved by Kalasa Art Space.