“ကျွန်တော်က ပန်းချီမရေးဘဲ မနေနိုင်ဘူးဗျာ။
ပန်းချီရေးတယ်ဆိုတာဟာ ကျွန်တော့်အတွက်တော့ နှလုံးသားရဲ့ အလိုအတိုင်း၊ ကိုယ့်ရဲ့စိတ် ခံစားချက်အတိုင်း လုပ်နေတာပါပဲ”
ဒီလိုဆိုလာသူကတော့ ပန်းချီဆရာ စိုးနိုင်ပဲ ဖြစ်ပါတယ်။
ဆရာစိုးနိုင်ဟာဆိုရင် စိတ်မြန်လက်မြန်
စိတ်သွက်သွက် လက်သွက်သွက်နဲ့ ကိုယ်ပိုင် Abstract Art တစ်ခုကို ဖန်တီးရေးဆွဲတဲ့ Prominent Abstract Expressionist တစ်ဦးဖြစ်ပါတယ်။ မြန်မာမှာဆိုရင် ABEX Prolific Artist ထဲမှာ အစောဆုံးရေးဆွဲသူ တစ်ဦးပါ။
နှလုံးသားရဲ့ ခံစားချက်တွေကို
မသိစိတ်ထဲက အလိုအလျောက်လှုပ်ရှားသွားတဲ့စုတ်ချက်တွေနဲ့
သိစိတ်ထဲက ထင်မှတ်ထားတဲ့ အကောင်လေးတွေကို ခပ်သွက်သွက် ရေးခြစ်လေ့ရှိပါတယ်။ သူရဲ့ အကောင်လေးတွေပါတဲ့ abstract ပန်းချီကားလေးတွေကတော့ Myanmar Prolific Abstract Painter တစ်ဦးဖြစ်တဲ့ ပန်းချီစိုးနိုင်ရဲ့ လက်ရာဆိုတာ တသီးတသန့် ပြောစရာလိုမယ်မထင်ပါဘူး။
ဆရာစိုးနိုင်ရဲ့ သူရေးနေကျ အကောင်လေးတွေပါတဲ့ abstract ပန်းချီကားလေးတချို့ကို တင်ဆက်ပေးလိုက်ပါတယ်။
Available to Collect
#artistsoenaing #myanmarprolificabstractpainter #prominentabstractpainter
#artoftheday #myanmarartist #BurmeseArt #KaLaSaArtSpace #Artissharing