Artist Hla Htay

Biography of Artist Hla Htay

(English version below)

Artist Hla Htay ကို ၁၉၆၁ ခုနှစ်တွင် ပဲခူးတိုင်း ပေါင်းတည်မြို့ ဖခင်ပန်းချီသက်ဝင်း နှင့်မိခင် ဒေါ်သိန်းသိန်းတို့မှ ဖွားမြင်ခဲ့ပါတယ်။ ငယ်စဥ်ကလေးဘဝကတည်းက ပန်းချီပညာကို ဖခင်ဖြစ်သူနှင့် အစ်ကို ဖြစ်သူတို့ထံမှ လေ့လာသင်ယူခဲ့ပြီး သူ့ဘဝတလျှောက်လုံးကို အနုပညာအလုပ်တွင် မြှုပ်နှံထားရန် စိတ်ပိုင်းဖြတ်ခဲ့ပါတယ် ။�

၂၀၀၄ ခုနှစ် မတိုင်မီအထိ ဖခင်ကဲသို့ပင် ပေါင်းတည်မြို့၌ commercial Artist တစ်ယောက်အဖြစ် ရပ်တည်ခဲ့ပါတယ်။ နောက်ပိုင်းတွင် သူများနဲ့မတူ ကွဲပြားဆန်းသစ်သော အနုပညာ ဖန်တီးမှုဘက်သို့ ကူးပြောင်းခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှစပြီး ပန်းပုပညာကို လေ့လာခဲ့ပြီး သစ်သားပန်းပုများ၊ installation art များကိုလည်း ပြုလုပ်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ပန်းချီ၊ ပန်းပု စတဲ့ အနုပညာဖန်တီးမှုတွေအပြင် လက်မှု အနုပညာများကို ယနေ့အချိန်အထိ အရူးအမူး လုပ်ကိုင်လျက်ရှိပါတယ်။ Artist Hla Htay ဟာ အုပ်စုပြပွဲပေါင်းများစွာနဲ့ ပန်းချီ၊ ပန်းပု တကိုယ်တော်ပြပွဲ များလည်းကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

သူ၏ တမူထူးခြားသော ရေးဆွဲဟန်များ၊ အရောင်အသုံးပြုမှုပုံစံများဖြင့် ရိုးရှင်းလှတဲ့ မြန်မာ့အလှ၊ မြန်မာ့သဘာဝ အကြောင်းအရာ မြင်ကွင်းများကို သူရဲ့ဖန်တီးမှုနဲ့ပေါင်းစပ်ပြီး ရိုးရှင်းစွာ ပုံဖော်လေ့ရှိပါတယ်။

ယခု ပြသမယ့်“အောက်မေ့ တမ်းတ ငယ်ဘဝ’’ “Childhood Memories”အမည်ရတဲ့ Solo Exhibition မှာတော့ မြင်တွေနေကျပုံစံမျိုးမဟုတ်ဘဲ မြန်မာ့ရိုးရာ ယွန်းပန်းချီ ရေးနည်းကို inspired ယူ၍ ရိုးရာပစ္စည်းများ၊ ကလေးကစားစရာအရုပ်များကို ဆန်းသစ်လှတဲ့ အမြင်တစ်မျိုးနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။

Biography of Artist Hla Htay

Artist Hla Htay was born in Paungde, Bago Region, in 1961. Since childhood, he studied art from his father and brother, and he was determined to devote his entire life in art.

He worked as a commercial artist in Paungde as his father. Later, he changed his art style that is different from others. Since 2007, he have been studying sculpture, and he have also made wooden sculptures and installation art.

In 2014, he moved to Yangon. In addition to creating art such as sculptures and installation art he has been working various kind of handicrafts.He have also been held many group show , sculpture show and solo exhibition.

His artworks resonate with people because of his distinctive techniques, use of colour, and skill in capturing traditional subjects with his own style.

In this solo exhibition called ” Childhood Memories ” he presented about Burmese traditional children’s toys in his paintings inspired by the traditional Burmese lacquerware technique.

The exhibition will be showcased at the KaLaSa Art Space from 28 March to 6 April, open daily from 10 AM to 5 PM.

You all are invited to enjoy Artist Hla Htay’s solo exhibition.

#artisthlahtay #childhoodmemories #kalasaartspace #art

© 2019-2023. All Right Reserved by Kalasa Art Space.