Artist Aung Myint & Burmese Lady Series

(English version below)

Artist Aung Myint ဟာ Burmese Ladies Series ကို ဘယ်လိုမျိုး ရေးဖြစ်ခဲ့သလဲဆိုတာကို ခုလိုပဲ ပြောပြခဲ့ပါတယ်..

“ဦးခင်မောင်ရင်ရေးခဲ့တဲ့ seated women တွေကိုကြည့်ပြီး အလွန်ကြိုက်ခဲ့တာ ။

အဲ့ဒါတွေကို inspired ယူပြီး လိုက်ရေးခဲ့တယ် ။

ဒါပေမယ့် သူ့လိုတော့ မဟုတ်ဘူးပေါ့ ။

ကိုယ်ကြိုက်သလို အချိုးတွေဖျက်ပြီး အမျိုးမျိုးရေးခဲ့တာပါပဲ ။”

အနုပညာသမားတိုင်းမှာ သူ့တို့ လေးစားအားကျခဲ့ရတဲ့သူဆိုတာ ရှိစမြဲပါပဲ ။ KMY ကိုခင်မောင်ရင်လို့သူအမြဲပြောနေတဲ့ ခင်မောင်ရင်ရဲ့ လွမ်းမိုးမှုတွေ သူ့အပေါ်မှာ ရှိနေတယ် ဆိုတာ သူကိုယ်တိုင်လက်ခံထားတဲ့ အရှိတရားပါ ။

ဒါပေမယ့် အခြေအနေတရပ်အပေါ်မှာပဲ တသမှတ်တည်း ရပ်တည်မနေချင်သော သူ့စိတ်ကပဲ သူ့ကို အမြဲတမ်း အသစ်အသစ်တွေ ဖန်တီးနေဖို့ တွန်းအားပေးနေခဲ့တာပါ။ ဒါ့ကြောင့်လည်း သူ့ရဲ့ Burmese Ladies စီးရီးဟာ အမျိုးမျိုးပြောင်းလဲ လာခဲ့ရတာပါပဲ ။

သူပစ်ပယ်မထားတဲ့ အရှေ့တိုင်းရဲ့ ရိုးရာနည်းတွေ ၊ ပေပရပိုက် ရေးဟန်တွေနဲ့ သူ့ရဲ့ ရုတ်ချည်းဖြစ်ပေါ်စေတဲ့ စိတ်တွေကပဲ သူ့ရဲ့ လက်ရာတွေကို သူများနဲ့ မတူတဲ့ ရေးဟန်တွေ ဖြစ်လာစေခဲ့တာပါပဲ။

Zero To Infinify ပြပွဲမှာ သူ့ရဲ့ Ladies series ကိုလည်း ထည့်သွင်းပြသထားပါတယ် ။

Burmese Ladies English Version

Artist Aung Myint talked about how he creaded Burmese Ladies artworks as below….

I loved U Kin Maung Yins works titled Seated Women. Which inspired me much. The result is that I created distorted works of Burmese ladies.

Every artist has their idol artist. So does Artist Aung Myint. It is reality that he accepted that he had been under the influence of Kin Maung Yin for years.

Nevertheless, he never wanted to stay with a certain, fixed mindset. This mindset has been driving him all the time. And it is in this way that his style changed from time to time. The style of Eastern traditional art he never put aside helped him create the works which differ from the others.

#Zero_to_Infinity_Art_Exhibition_by_Artist_Aung_Myint

Opening Reception: 2.3.2023(10am _12pm )

Place : Myanmar Ahla Gallery

          No.36, 35 Street (lower block)Between Bank Street & Merchant Road,

          Kyauktada Township, Yangon

Exhibition Time: 9 am to 5 pm

Exhibition Date: 2nd to 9th March, 2023

#Zero_To_Inifinity #solo_exhibition #Artist_Aung_Myint #burmese_ladies_by_artist_Aung_Myint#myanmarahla_gallery #kalaaartspace #artissharing

© 2019-2023. All Right Reserved by Kalasa Art Space.