ဒီရက်ပိုင်း ပန်းချီကားလေးတွေ ရောင်းရတဲ့အခါ ပျော်မိတယ် ။
ကျမတို့ ကလသာမှာ ပန်းချီကားရောင်းပြီးတိုင်း ပျော်ပျော်ကြီး sold တင်တာ အင်မတန်မှ ရှားတယ် ။
ဘာလို့လဲဆိုတော့ ကျမ အတွက်တော့ ပန်းချီကားရောင်းတယ်ဆိုတာက ကိုယ့်သားသမီးလေးတွေ သူများလက်ထဲ ထည့်ပေးလိုက်သလိုပဲ ။
တခါတလေ လုပ်ငန်းလည်ပတ်ဖို့ business process တစ်ခုအရ ရောင်းဖြစ်လိုက်လို့ ငွေတွေရပေမယ့်လည်း ရင်ထဲမှာ မပျော်တဲ့အခါတွေ အများသား…….
တနေ့က သံရုံးဝန်ထမ်းတစ်ဦး ရောက်လာတယ် သူကြည့်ချင်တဲ့ပန်းချီကားပုံစံလေးတွေပြောတယ်
ကိုယ်ရွေးပေးတဲ့ကားထဲကမှ သူကြိုက်တာတွေ့တဲ့အခါ သူကြိုက်တဲ့ ၂ ကားကို ရွေးယူပြီး ချက်ချင်း $cash ပေးသွားတယ် ။ သူ့အတွက် memory တစ်ခု ဖြစ်စေတဲ့ပန်းချီကားလေးကို ရလိုက်တာကြောင့် ပျော်လည်းပျော်လို့ …
သူ့ကြည့်ပြီး ကိုယ်လည်း အတော်လေးပျော်ရတယ်။
ပန်းချီကားအပြင် ပျော်ရွှင်မှုကိုပါဖန်တီးပေးနိုင်ခဲ့လို့
အဲ့လိုပါပဲ နောက်နေ့ ဝယ်နေကျ အကိုလာတော့လည်း သူကြိုက်တဲ့ကားလေး သူရလို့ ပျော်နေတာ နောက်ပြီး နောက်တစ်ကားကြိုက်တာကို ချက်ချင်းကြိုက်တယ် ယူမယ် ဆိုပြီး ယူသွားလေရဲ့ ။
နောက်တနေ့ အွန်လိုင်းမှာ တင်တဲ့ကားကျပြန်တော့လည်း စျေးဆိုဒ်မေးပြီး ကိုယ်ကြိုက်တယ် ယူမယ်ဆိုပြီး ပန်းချီကားကို အပြင်မှာတောင်မမြင်ရသေးပဲ ချက်ချင်း ယူသွားတယ် ။
ကျမအတွက်ကတော့ ကျမရဲ့ ကလသာ ပြခန်းလေးကနေ ပန်းချီကားရောင်းပေးတယ်ဆိုတာထက် ယုံကြည်မှု နဲ့ ပျော်ရွှင်မှုကို လက်ဆင့်ကမ်းပေးနိုင်တဲ့အပေါ် ပိုလည်း ပျော်တယ် ။ ဂုဏ်လည်းယူတယ် ။
အမြဲယုံယုံကြည်ကြည်နဲ့ ဝယ်ယူစုဆောင်းကြတဲ့ customer တစ်ဦးတစ်ယောက်ချင်းစီကိုလည်း တကယ်ကျေးဇူးတင်တယ် ။
ကလသာမှာ ပန်းချီကားရောင်းတာဟာ ပျော်ရွှင်မှုကို လက်ဆင့်ကမ်းပေးလိုက်တာပါ ။
အားလုံးပဲ ကိုယ်ချစ်တဲ့ပန်းချီကားလေးတွေပိုင်ဆိုင်ပြီး စိတ်ကြည်နူးပျော်ရွှင်ကြပါစေရှင် ။
#kalasaartspace #artissharing #artforall