သဘာဝရဲ့ အလှတရားများကို စိမ်းစိုနေတဲ့တောတောင်တွေ၊ အရောင်အသွေးမျိုးစုံနဲ့ ပွင့်လန်းနေသော ပန်းပင်တွေ၊ တသွင်သွင် စီးဆင်းနေတဲ့ မြစ်ချောင်းတွေအဖြစ် ကျွန်တော်တို့ကိုပေးထားပြီး နေ့စဉ်ဖြတ်သန်း နေရတဲ့ ရောင်စုံဒုက္ခတွေမှ လွတ်မြောက်ရန်နှင့် သဘာဝမှ ကင်းကွာမသွားစေရန်ချိတ်ဆက်ပေးကာ မြတ်နိုးဖွယ်အမှတ်တရများကို ပေးစွမ်းနိုင်ကြသည်။
နေဝင်ရီသရောအချိန် နေရောင်ထင်ဟပ်နေတဲ့ မိခင်ဧရာဝတီမြစ်နဲ့ ပနံသင့်နေသော တံတား၊ ပန်းမျိုးစုံသော ရနံ့တို့နဲ့ ပြည့်စုံနေသော တောင်လှေကားမြို့က ဥယျာဉ်၊ အညာရဲ့ အိုအေစစ်နှင့် ကမ်းခြေကို ရိုက်ခတ်လာတဲ့ လှိုင်းလုံးတို့ရဲ့အော်မြည်သံတို့ကို ပြေးမြင်ကာ မြတ်နိုးဖွယ် သိမ်းထားတဲ့ အမှတ်တရတွေကို ပြန်မြင်လာစေရန် Artist Zaw Mongရဲ့ Landscape ပန်းချီကားလေးတွေကို ကလသာ မိတ်ဆွေတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်……….
#thevibrantvisionartexhibitiom