လှူရင်း ၊ ကူရင်း ပန်းချီကား ယူကြမယ်

No Comments

ဒီရက်ပိုင်း ကလသာ ပြခန်း အနေနဲ့ personal အလုပ်ကိစ္စများ များသွားခဲ့တာကြောင့် community support ပြပွဲလေးတွေ အတွက် အချိန်ပေးဖို့ ပျက်ကွက်ခဲ့တာကို ခွင့်လွှတ်ပေးစေချင်ပါတယ် ။ 
 

ယခု အခါ ၅ ပွဲမြောက် ပွဲလေးကို ပြန်လည်စီစဉ်ဖြစ်ခဲ့ပါပြီ ။ 
ဒီနေ့တင်ဆက်မယ့် ပန်းချီကားလေးတွေရဲ့ ဖန်တီးသူက တော့ Art +Plug အဖွဲ့ရဲ့ cofounder တစ်ဦးဖြစ်တဲ့ Artist Myint Soe Oo ပဲ ဖြစ်ပါတယ် ။ 
ကလသာ ရဲ့ မိတ်ဆွေ တို့ အနေနဲ့ Artist Myint Soe Oo ကို စိမ်းမည် မထင်ပါ ။ 

Artist Myint Soe Oo ဟာ 2001 ခုနှစ်ကတည်းက ယဉ်ကျေးမှုတက္ကသိုလ်မှ ပန်းချီမေဂျာနဲ့ ဘွဲ့ရခဲ့သူတစ်ဥိီး ဖြစ်ပြီးတော့ ပန်းချီပြပွဲပေါင်း နှစ်ဆယ်ကျော်ကို ပြသပြီးခဲ့သူဖြစ်ပါတယ်။

ယခုပွဲ အတွင်း အားလုံး စုဆောင်းနိုင်သည့် ဆိုဒ် – စျေး ဖြစ်ပြီး အလှုမြောက်စေရန် ရည်ရွယ်ကာ တဝက်လျော့သောစျေး
၁ ပေ ပတ်လည် ကား များအား မြန်မာငွေ တစ်သိန်းခွဲ 
၁ ပေခွဲ ပတ်လည် ကားများကို ၂ သိန်းခွဲ ဖြင့် စု ဆောင်းနိုင်မှာ ဖြစ်ပါတယ် ။ 
ရောင်းရငွေ၏ ၅၀ % အား လိုအပ်သော နေရာများသို့ ကူညီနိုင်မည်ဖြစ်ပြီး ကျန်တစ်ဝက်အား Artist ကို support လုပ်ပေးသွားမည် ဖြစ်ပါသည်။ 

လေးစားစွာဖြင့် 

ကလသာ ပြခန်း မိသားစု ။

Leave a Reply

Your email address will not be published.